ပြည်ပသတင်းများ

ဈေးနှုန်းများ မြင့်တက်လာမှုအပေါ် တန်ပြန်ဆောင်ရွက်ရန် ယွမ်ငွေ (၂၀) ဘီလီယံ တန်ဖိုးရှိ ထောက်ပံ့ငွေများအား လယ်သမားများထံ တစ်ကြိမ်ထုတ်ပေးမည့် တရုတ်နိုင်ငံ

စိုက်ပျိုးရေးအသုံးအဆောင်များ၏ ဈေးနှုန်းများကြီးမြင့်လာမှု ကြောင့် ဝင်ငွေဆုံးရှုံးမှုနှင့်ကြုံတွေ့ရသည်ကို တန်ပြန် ဆောင်ရွက်ပေးသည့် အနေဖြင့် တရုတ်ဗဟိုအစိုးရက ကောက်ပဲသီးနှံစိုက်ပျိုးသူ တောင်သူလယ်သမားများထံသို့ ယွမ်ငွေ (၂၀)ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၀၉၈ ဘီလီယံ) တန်ဖိုးရှိ ထောက်ပံ့ငွေများကို တစ်ကြိမ်ထုတ်ပေးမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အရ သိရပါသည်။

ထောက်ပံ့ငွေများမှာ ဗဟိုအစိုးရ၏ စိုက်ပျိုးမြေအထွက်နှုန်း ကာကွယ်ရေးထောက် အပံ့အသုံးစရိတ်များမှ တစ်စိတ်တစ်ပိုင်းဖြစ်ကာ၊ ယခုနှစ်အတွက် ယွမ်ငွေ (၁၂၀.၄၈၅) ဘီလီယံ အသုံးပြုသွားရန် မူလက စီစဉ်ထားခဲ့ပါသည်။

တစ်ကြိမ်သာ ထောက်ပံ့ပေးမည့် ဤအစီအစဉ်ကိုပါ ထည့်သွင်းတွက်ချက်လျှင် စိုက်ပျိုးမြေအထွက်နှုန်း ကာကွယ်ရေးအတွက် စုစုပေါင်းရန်ပုံငွေအသုံးပြုမှုမှာ (၁၆.၆) ရာခိုင် နှုန်း ပိုမိုလာသည်ကို တွေ့ရပါသည်။

၎င်းထောက်ပံ့မှုက ကောက်ပဲသီးနှံစိုက်ပျိုးသူ တောင်သူများ၏ ဝင်ငွေတည်ငြိမ် စေရန်နှင့် ၎င်းတို့အား စိတ်ဓာတ်ခွန်အားပေးရန် ကူညီပေးသွားနိုင်မည်ဖြစ်ပါသည်။

ထောက်ပံ့ပေးရန်ရည်ရွယ်ထားသည့်အုပ်စုများမှ ထောက်ပံ့ပေးမှု သေချာစွာရရှိ ရေးပြုလုပ်သွားရန် သတင်းအချက်အလက်နည်းပညာ၏ အကျိုးကျေးဇူးကို ရယူလျက် ထောက်ပံ့ငွေများ ဝေငှသည့်နည်းလမ်းများနှင့် လုပ်ငန်းစဉ်ကို အကောင်းဆုံးဖြစ်စေရန် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အထောက်အပံ့ကို မည်သူမည်ဝါ လက်ခံရရှိနိုင်မည်ဟူသည်ကို သတ်မှတ်ရေး အတွက် လက်ရှိအထောက်အပံ့ပေးနေမှု၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အာမခံအချက် အလက် နှင့် လယ်သမားများ၏ မှတ်ပုံတင်အချက်အလက်များကို အခြေခံအချက်အလက်များအဖြစ် အသုံးပြုသွားမည်ဖြစ်ပါသည်။

အထောက်အပံ့ရရှိမည့်လယ်သမားများသည် အစိုးရထံမှ ထောက်ပံ့ငွေများကို အထူးဘဏ်ကတ် (သို့မဟုတ်) ဘဏ်စာအုပ်များဖြင့် ရရှိမည်ဖြစ်ကာ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ရန်ပုံငွေများ ဖြန့်ဝေပေးသည့်လုပ်ငန်းစဉ်ကို ကြီးကြပ်သွားမည်ဟု သိရပါသည်။

ရင်းမြစ်၊ Chinadaily (၃၀-၆-၂၀၂၁)

Loading