အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ

တောင်သူလယ်သမားများသို့ အသိပေးတင်ပြခြင်း

ယနေ့ကာလတွင် တောင်သူလယ်သများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းစျေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေးတင်ပြအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီးပို့ဆောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ယင်းကိစ္စရပ်များကိုဆောင်ရွက်ရာတွင် သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Loss ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ‌တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန (ဖုန်း ၀၈၁၀၂၁၂၁၆၇) နှင့် ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဌ (ဖုန်း ၀၉-၅၂၁၄၃၇၃)သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး / ပြည်နယ်များအတွက် တိုင်းဒေသကြီး / ပြည်နယ်သမဝါယမဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာန (ရုံးချုပ်) (ဖုန်း ၀၆၇-၄၁၀၃၄၁) သို့ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

သမဝါယမဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Loading