ပြည်ပသတင်းများ

တစ်ပတ်ရစ်မော်တော်ယာဉ် ရောင်းဝယ်ရေးလွယ်ကူချောမွေ့ စေရန် ဆောင်ရွက်သွားမည့် တရုတ်နိုင်ငံ

တစ်ပတ်ရစ်မော်တော်ယာဉ်များအသုံးပြုမှုကို မြှင့်တင်ရန် ၎င်းယာဉ်များအား ရောင်းဝယ်ရာတွင် ပြည်နယ်ဖြတ်ကျော် မှတ်ပုံတင်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားကာ၊ အကြောင်းမခိုင်လုံသည့် ကန့်သတ်ချက်များကို ဖယ်ရှားသွားမည်ဟု တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ (၂၂)ရက်နေ့တွင် ကြေညာခဲ့ပါသည်။

တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် တစ်ပတ်ရစ်မော်တော်ယာဉ် ဈေးကွက် ဖွံ့ဖြိုးလာစေရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန်  ပြည်နယ်ဖြတ်ကျော် အသုံးပြုရေးအပေါ် ကန့် သတ်ချက်များအား ဖယ်ရှားခြင်း၊ သတင်းအချက်အလက်များကို ပိုမိုမျှဝေခြင်းနှင့် လှည့်လည် အသုံးပြုသည့် နည်းလမ်းများကို ဆန်းသစ်တီထွင်ခြင်း စသည်တို့၌ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါသည်။

တရုတ်နိုင်ငံ၏ တစ်ပတ်ရစ်မော်တော်ယာဉ်ဈေးကွက်မှာ ယခုနှစ် ပထမ (၅)လ အတွင်း အစီးရေ (၆.၉)သန်းကျော်ကို ရောင်းဝယ်မှုပြုခဲ့ကာ၊ (၂၀၁၉)ခုနှစ် အလားတူ ကာလ ကထက် (၂၂.၉)ရာခိုင်နှုန်း တိုးတက်လာခဲ့သဖြင့် ကြီးမားသည့် ဈေးကွက်အလား အလာ ရှိပါ သည်။  တရုတ်နိုင်ငံအတွင်း တစ်ပတ်ရစ်ကားများကို ဝယ်လိုအားမြင့်နေခြင်းမှာ မော်တော် ယာဉ် ဈေးကွက်အတွက် အဓိကတွန်းအားများအနက် တစ်ခုဖြစ်လာကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၅-၆-၂၀၂၁)

Loading