ပြည်ပသတင်းများ

ကမ်းလွန်ပင်လယ်ပြင်များတွင် ကင်းမွန်ဖမ်းယူခြင်းကို စတင် ဆိုင်းငံ့သွားမည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံသည် ကင်းမွန်ရင်းမြစ်များကို ထိန်းသိမ်းရန် ယခုနှစ် ဇူလိုင်လမှစ၍ ပင်လယ်ပြင်များတွင် ကင်းမွန်ဖမ်းယူခြင်းကို ဉပဒေဖြင့် စတင်တားမြစ်သွားမည်ဖြစ် ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ဇွန်လ (၂၉)ရက်နေ့တွင် ထုတ်ပြန် ကြေညာထားပါသည်။

ဇူလိုင်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံများ၏ သီးသန့် စီးပွားရေးဇုန်များ၏ ပြင်ပရှိ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ ပင်လယ်များ၏ အချို့နေရာများတွင် ကင်းမွန်ဖမ်းယူမှုတားမြစ်ခြင်းကို သေချာစွာစောင့်ကြည့်သွားမည် ဖြစ်ပါ သည်။ စက်တင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိကာလတွင်  ပစိဖိတ် သမုဒ္ဒရာအရှေ့ပိုင်းရှိ ပင်လယ်များ၏ အချို့နေရာများတွင် ကင်းမွန်ဖမ်းယူမှုကို ဆိုင်းငံ့သွား မည်ဖြစ်ပါသည်။

ထိုကာလအတွင်း ၎င်းဧရိယာများရှိ တရုတ်ကင်းမွန်ဖမ်းယူသည့်လှေများ အားလုံးကို ဆိုင်းငံ့ထားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ၎င်းဒေသများတွင် ထိုကဲ့သို့ ဆောင်ရွက်မှုမျိုးအား ယခင်နှစ်ကလည်း တရုတ်နိုင်ငံက စမ်းသပ်ဆောင်ရွက်ခဲ့ဖူးကာ ၎င်း ဧရိယာများမှာ တရုတ်နိုင်ငံ၏ အဓိက ကမ်းလွန်ပင်လယ်ပြင်ငါးဖမ်းသည့် ဒေသများအနက် အချို့ဖြစ်ပါသည်။

ထိုကဲ့သို့ ယခင်နှစ်အတွင်း စမ်းသပ်တားမြစ်ခဲ့ပြီးနောက် ယခုနှစ် ပထမ (၄) လ အတွင်း ကင်းမွန်ရင်းမြစ်များနှင့်  စုစုပေါင်းကင်းမွန်ထုတ်လုပ်မှုများမှာ ယခင်နှစ်ကထက် ပိုမို တိုးတက်ခဲ့ကြောင်း ကျွမ်းကျင်သူများ၏ အကဲဖြတ်မှုကို ကိုးကားလျက် ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ရင်းမြစ်၊ http://english.moa.gov.cn နှင့် ရင်းမြစ် ၊ Xinhua (၂၉-၆-၂၀၂၁)

Loading