ပြည်ပသတင်းများ

စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ပြည်တွင်းပြည်ပ တွင် ဆုံးရှုံးရနိုင်ခြေများကို လျှော့ချရေးဆီသို့ ရှေးရှုသည့် မူဝါဒများ ချမှတ်ဆောင်ရွက်မည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများကြောင့် ယခုနှစ် ဒုတိယ နှစ်ဝက်တွင် စီးပွားရေးနာလန်ထူမှုမှာ ယေဘုယျအားဖြင့် ဆက်လက်တည်ငြိမ်နေဆဲဖြစ်နိုင်ကာ၊ ပြည်တွင်းပြည်ပတွင် ဆုံးရှုံးရနိုင်ခြေများကို လျှော့ချရေးဆီသို့ ရှေးရှုလျက်  အရွှေ့အပြောင်း တိုးမြှင့်ဆောင်ရွက်မှု အပေါ်မူဝါဒက အလေးထားလာနိုင်ကြောင်း မူဝါဒချမှတ်သူများနှင့်  အကြံပေးများထံမှ ပြောကြား ချက်များအရ သိရပါသည်။

ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အဟုန်မှာ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် မူဝါဒစီမံဆောင်ရွက်မှုများမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများ အပြောင်းအလဲဖြစ် လာလျှင်  တရုတ်နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် အလုံးစုံအရှိန်မြှင့်တင် ဆောင်ရွက်နေသည့်အဆင့် တည်ငြိမ်စေမှုတို့ကို တိုးတက်စေရန် ပြင်ပမှ ရိုက်ခတ်မှုများကို ကာကွယ်သင့်ကြောင်း  စီးပွား ရေးပညာရှင်များက China Daily သို့ ဇွန်လ (၂၉)ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း တရုတ်နိုင်ငံတွင် ငွေကြေးမူဝါဒ စည်းမျဉ်း စည်းကမ်း ချမှတ်မှုအား ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်သည့်နှုန်းအထက် ရွေ့လျားမှု မပြုပါက သတိကြီးစွာထား၍ ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်များ မှာပုံသေထားခန့်မှန်း၍မရကြောင်း၊ မိမိတို့ခန့်မှန်းချက်များမှာ အရှိန်မြှင့်တင်ထားသည့် ဝယ်လို အားနှင့် အားကောင်းသည့်ပို့ကုန်များကြောင့် ဖြစ်ပေါ်လာသည့် ယခုနှစ်အတွက် GDP ဖွံ့ဖြိုးမှု (၈.၅) ရာခိုင်နှုန်းပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း၊ ယခု GDP ဖွံ့ဖြိုးမှုနှုန်းမှာ ယခင်နှစ် ဒီဇင်ဘာလအတွင်းက ခန့်မှန်းခဲ့သည့်နှုန်းထက်(၀.၆)ရာခိုင်နှုန်းတက်လာခြင်းဖြစ်ကာ မျှော်မှန်း ထားသည်ထက် ပိုမိုအားကောင်းသည့် နိုင်ငံခြားမှ ဝယ်လိုအားများကြောင့်ဖြစ်ကြောင်း တရုတ် နိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ အကြီးအကဲ  စီးပွားရေးပညာရှင် Sebastian Eckardt က အင်တာ ဗျူးတွင် ရေးသားဖော်ပြထားပါသည်။

မကြာသေးမီက သွင်းကုန်ကုန်ကြမ်းများ၏ ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပြည် တွင်းဝယ်လိုအား ခိုင်မာလာသော်လည်း ယခုနှစ် ကျန်နှစ်ဝက်အတွင်း တရုတ်နိုင်ငံရှိ စားသုံး သူဈေးနှုန်းမှာ သတ်မှတ်ထားချက်၏ အောက်တွင်သာ ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပါသည်။

တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒကို နှိုင်းချင့်တွေးခေါ်ပြီး ပစ်မှတ်ထားကာ လုပ်သာ ကိုင်သာရှိသည့် အခြေအနေတွင် ဆက်လက်ထိန်းထားသင့်ကြောင်းနှင့် ငွေဖြစ်လွယ်မှုအား ကျိုးကြောင်းဆီလျော်သည့် အနေအထားတစ်ရပ်တွင် ပေါပေါများများ ထိန်းထားသင့်ကြောင်း၊ အိမ်ခြံမြေကဏ္ဍကို အထူးရည်မှန်းချက်ထား၍ တင်းကျပ်ထားမှုကို မပြောင်းလဲဘဲ ဆက်လက် ထားရှိသင့်ကြောင်း မူဝါဒချမှတ်သူများနှင့် အကြံပေးပုဂ္ဂိုလ် များက သဘောတူထားကြပါသည်။ ထို့ကြောင့် လာမည့်လများအတွင်း ထပ်မံ၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ဖွယ်မရှိပေ။

အမေရိကန်ပြည်ထောင်စု၏ ငွေကြေးမူဝါဒပိုမိုတင်းကျပ်လာမည့် အလားအလာ ကြောင့် မဝေးသောကာလတွင် ဘဏ္ဍာရေးဈေးကွက်များနှင့် နိုင်ငံဖြတ်ကျော် ငွေ စီးဆင်းမှုများ အပေါ် ထိခိုက်လွယ်လာနိုင်သော်လည်း ထိုသို့ ကြုံတွေ့ရနိုင်သည့် စွန့်စားမှုများမှာ မူဝါဒချိန်ညှိ မှုကို လက်ရှိထက် ပိုမိုမြန်ဆန်စွာနှင့် သိသိသာသာပြောင်းလဲမှု ပြုလုပ်ခြင်းမရှိခဲ့ပါက စီမံခန့်ခွဲ နိုင်ကြောင်း သိရပါသည်။

ယခု တရုတ်နိုင်ငံက ဆောင်ရွက်လာသည့် ဆုံးရှုံးရနိုင်ခြေများကို လျှော့ချရေးအား ထုတ်မှုများနှင့် မူဝါဒစံနှုန်းတစ်ခုတွင် ထားရှိခြင်း၊ အသားတင်ပို့ကုန်များမှ ပံ့ပိုးမှု လျော့ကျလာ ခြင်းတို့ကြောင့် လာမည့် (၂၀၂၂)ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP ဖွံ့ဖြိုးမှုနှုန်းအား အလယ် အလတ်ဖြစ်သည့် (၅.၄) ရာခိုင်နှုန်းရှိနိုင်မည်ဟုသာ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပါသည်။

ရင်းမြစ်၊ China Daily (၃၀-၆-၂၀၂၁)

Loading