ပြည်ပသတင်းများ

ဒေသထွက်စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင် ဆောင်ရွက်လာသည့် ကွမ်ရှီး

ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စားသောက်ကုန် လုပ်ငန်းကို ပိုမိုမြင့်မားသည့်အဆင့်သို့ ဖွံ့ဖြိုးနိုင်စေရေး မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မြို့တော်နန်နင်း၌ ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ (၁၇)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ဤဒေသတွင် သတ်မှတ်ထားသောအရွယ်အစားဖြစ်သည့် တစ်နှစ်လျှင် ဝင်ငွေယွမ်သန်း (၂၀)ရှိသည့် ကုမ္ပဏီပေါင်း (၈၆၉)ခု ရှိကာ အလုံးစုံထုတ်လုပ်မှုတန်ဖိုးမှာ ယွမ်ငွေ (၂၄၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ)ခန့် ရှိပါသည်။

မကြာသေးမီနှစ်များအတွင်း  ကွမ်ရှီးသည် ၎င်း၏ ဒေသထွက်စားသောက်ကုန်လုပ် ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးခြင်း၊  ပျိုးထောင်ပေးခြင်းနှင့် ကြီးကြပ်ပေးခြင်း တို့ကို အစဉ်မပြတ် ဆောင်ရွက်ပေးခဲ့ပါသည်။ ကွမ်ရှီးရှိ စားသောက်ကုန်လုပ်ငန်းသည် နှစ်စဉ် တိုး တက်မှုတန်ဖိုး (၁၀) ရာခိုင်နှုန်းဖြင့် (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆-၂၀၂၀) အတွင်း တည်ငြိမ်ခိုင်မာစွာ တိုးတက်မှုထိန်းထားနိုင်ခဲ့သည်ကို တွေ့ရပါသည်။

ယခုအခါ လျိုကျိုး မြစ်ခရုခေါက်ဆွဲ၊ ဝူကျိုးလျို့ဘောင် (Liubao) လက်ဖက်ခြောက် နှင့် ဟန်ရှန်းစံပယ်လက်ဖက်ခြောက်တို့ကဲ့သို့ ဒေသထွက်စားသောက်ကုန်များမှာ နာမည်ကျော် လာကြပြီ ဖြစ်ပါသည်။

(၂၀၂၀) ပြည့်နှစ်အတွင်း လျိုကျိုးမှ မြစ်ခရုခေါက်ဆွဲရောင်းချရမှုမှာ ယွမ်ငွေ (၁၁) ဘီလီယံထိ ရောက်ရှိခဲ့ကာ၊ ဟန်ရှန်းစီရင်စုမှာ ၎င်း၏ စံပယ်လက်ဖက်ခြောက်လုပ်ငန်းမှ စုစု ပေါင်းထုတ်လုပ်မှုတန်ဖိုး ယွမ်ငွေ (၁၂.၅) ဘီလီယံ ရရှိခဲ့ပါသည်။

ယခုအခါ ကွမ်ရှီးဒေသတွင် ပထဝီဝင် အညွှန်းကိန်းများနှင့် လယ်ယာစိုက်ပျိုးရေး အမျိုးအမယ်ပေါင်း (၁၅၄) ခု၊ ပထဝီဝင် ဒေသညွှန်းဆိုင်ရာ မူပိုင်ခွင့် ကာကွယ်ခွင့်ရရှိ ထားသည့် စားသောက်ကုန် (၈၂) မျိုး၊ ပထဝီဝင် ဒေသညွှန်းဆိုင်ရာ အမှတ်အသားဖြင့် စားသောက်ကုန် (၅၆)မျိုး ရှိနေပြီဖြစ်ပါသည်။

ဒေသထွက်စားသောက်ကုန်များအတွက် စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် လက်မှတ် ထုတ်ပေးသည့်စနစ်တစ်ရပ် တည်ဆောက်သွားရေး ထပ်မံမြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပါ သည်။ ယခုလက်ရှိတွင် ကွမ်ရှီး၌ ကုမ္ပဏီ (၂၅၁)ခုတို့က အော်ဂဲနစ်ထုတ်ကုန် လက်မှတ်ပေါင်း (၄၁၀)ရရှိထားကာ၊ ကုန်ပစ္စည်း (၁၈၁)မျိုးကို ဉရောပနှင့် အမေရိကန် ဈေးကွက်များသို့ တင်ပို့ နေပြီဖြစ်ပါသည်။

ထို့ပြင် (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း ကွမ်ရှီးဒေသမှ မြစ်ခရု ခေါက်ဆွဲနှင့် လျို့ဘောင်လက်ဖက်ခြောက်ကဲ့သို့ ဒေသထွက်စားသောက်ကုန်များ စိတ်ချလုံခြုံ ရေးသေချာစေရန်အတွက်  ဒေသဆိုင်ရာစည်းမျဉ်းစည်းကမ်း (၂၇)ခုကို ကွမ်ရှီးက ထုတ်ပြန် ကြေညာခဲ့ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၇-၆-၂၀၂၁)

Loading