ပြည်ပသတင်းများ

ဆီးနှင်းများဆိုးရွားစွာကျရောက်လျက်ရှိနေသဖြင့် Paraná ပြည်နယ်ရှိ ပြောင်းစိုက်ခင်းများ၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်ဆီးဆုံးရှုံးနိုင်

ဘရာဇီးလ်နိုင်ငံ၊ Paraná ပြည်နယ်တွင် ဆီးနှင်းများဆိုးရွားစွာ ကျရောက်လျက်ရှိနေ သဖြင့် သီးနှံစိုက်ခင်းများ ပျက်ဆီးဆုံးရှုံးနိုင်ကြောင်း သတိပေးချက်များထုတ်ပြန်ထားသည်။ Paraná ပြည်နယ် အတွင်းရှိမြို့များတွင် ဖြစ်ပေါ်လျက်ရှိသည့် အပူချိန်အလွန်အမင်း ကျဆင်းမှု သည် သီးနှံပင်များဖွံ့ဖြိုးကြီးထွားရန်နှင့် ရိတ်သိမ်းနိုင်သည့်အခြေအနေသို့ ရောက်ရှိမည့် အခြေ အနေတို့အတွက် ဆိုးကျိုးများ      သက်ရောက်လျက်ရှိကြောင်း ပြည်နယ်လယ်ယာစိုက်ပျိုးရေး အသင်း ချုပ်(Paraná Federation of Agriculture – Faep)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပြည်နယ်အနောက်ပိုင်းရှိ safrinha ပြောင်းစိုက်ခင်းများတွင် ပုံမှန်မဟုတ်သည့် ဆီးနှင်းများအေးခဲသည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်းလက်ရှိပြောင်းစိုက်ပျိုး ထုတ်လုပ် လျက်ရှိပြီး ပြည်နယ် စိုက်ပျိုးရေးအသင်းချုပ်ရှိ ရေထွက်ပစ္စည်းဆိုင်ရာ နည်းပညာကော်မတီဥက္ကဌ Edmilson Zabott က ပြောကြားခဲ့သည်။ အပူချိန်အလွန်အမင်းကျဆင်းမှုကြောင့် ပြောင်းစိုက်ခင်း စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း အထိပျက်ဆီးနိုင်ကြောင်း၊ ထွက်ရှိလာမည့် ပြောင်းစေ့များ၏ အရည် အသွေးလည်း ကျဆင်းမည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းစိုက်ပျိုးထားသည့် ပြောင်းစိုက်ဧရိယာ ဟက်တာ ၄၅,၀၀၀ အနက် ၁၅ ရာခိုင်နှုန်းခန့်သာ အောင်မြင်ထွက်ရှိနိုင်ကြောင်း  Edmilson က ပြောကြားခဲ့သည်။

ပြောင်းသီးနှံစိုက်ပျိုးရာသီတွင် မိုးရေးချိန်ရရှိမှုမလုံလောက်ခြင်း၊ မိုးခေါင်မှုကြောင့် စိုက် ပျိုးချိန်နောက်ကျခြင်းနှင့် ဆီးနှင်းများကျရောက်မှုများကြောင့် ပြည်နယ်၏ ပြောင်းစိုက်ပျိုး ထုတ် လုပ်မှု ပမာဏသည် ၄၀ ရာခိုင်နှုန်းအထိကျဆင်းနိုင်ကြောင်း၊ ထို့အပြင် စိုက်ပျိုးချိန် နောက်ကျခဲ့ သည့် ဂျုံစိုက်ခင်းများလည်းပျက်ဆီးဆုံးရှုံးမည်ဖြစ်သဖြင့် ဂျုံထွက်ရှိမည့်ပမာဏလည်း ကျဆင်း မည်ဖြစ်ကြောင်း Edmilson ကပြောကြားခဲ့သည်။

ပြောင်းသီးနှံအထွက်ပမာဏကျဆင်းမှုကြောင့် တိရိစ္ဆာန်အစာထုတ်လုပ်မှုတွင် ကုန်ကြမ်း ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ အကျိုးဆက်အနေဖြင့် တိရိစ္ဆာန်မွေးမြူခြင်းနှင့် အသားထုတ် လုပ်သည့်လုပ်ငန်းတို့တွင် ကုန်ကျစရိတ်များ မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိဖြစ် ပေါ်နေသည့် အပူချိန်ထူးကဲစွာကျဆင်းမှုကြောင့် Paraná  ပြည်နယ်အနောက်ပိုင်းရှိ ငါးမွေးမြူရေး ကန်များတွင် မှိုတစ်မျိုးဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါမှိုဖြစ်ပေါ်မှုကို ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းများရှာဖွေလုပ်ဆောင်လျက်ရှိကြောင်း ငါးနှင့်တရိစ္ဆာန်မွေးမြူရေးလုပ်ငန်းရှင် Zabott က သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အပူချိန်အလွန်အမင်းကျဆင်းမှုနှင့် ဆီးနှင်းများကျရောက်မှုသည် ကော်ဖီသီးနှံစိုက်ခင်း များ အပေါ်တွင်လည်း ထိခိုက်မှုများဖြစ်ပေါ်နေကြောင်း၊ ကော်ဖီပင်များညှိုးလျော်လာသည့်အတွက် ၂၀၂၂ ကော်ဖီခူးဆွတ်ရာသီတွင် အထွက်နှုန်းကျဆင်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ၎င်းစိုက်ပျိုး ထားသည့် ကော်ဖီစိုက်ခင်းဧရိယာဟက်တာ ၁၄၀ အနက် ဟက်တာ ၇၀ ခန့်အထိ ပျက်ဆီးဆုံးရှုံး နိုင်ကြောင်း  Mandaguari  မြို့ရှိ ကော်ဖီလုပ်ငန်းရှင် Fernando Lopes က ပြောကြားခဲ့သည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading