ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံသီးနှံဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ၅ ဟဲရာအထိ ဈေးနှုန်းမြင့်တက်

ဇူလိုင်လ ၁ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံရှိ သီးနှံဈေးကွက်၌ ပဲပုတ်စေ့ ၁ အိတ်လျှင် ၅ ဟဲရာ အထိ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်တွင် ကြိုပွိုင့် အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှုများမြင့်တက်ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado ၏ သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတကာ ဈေးကွက်တွင် အရောင်းအဝယ်များမြင့်တက် ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာသည့် အရိပ်လက္ခဏာဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့တွင် ပဲပုတ်စေ့တန်ချိန် ၂၀၀,၀၀၀ အရောင်း အဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ကုမ္ပဏီ၏ သတင်းတွင် ဖော်ပြထားသည်။

၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည်  Passo Fundo (RS ) သီးနှံဈေး ကွက်တွင် ဟဲရာ ၁၅၈ မှ ၁၅၉ သို့လည်းကောင်း၊ Missions ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ဟဲရာ ၁၅၇ မှ ၁၅၈ သို့လည်းကောင်း၊ Rio Grande ဆိပ်ကမ်းဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ဟဲရာ ၁၆၃ မှ ၁၆၅ သို့ လည်းကောင်း၊ Cascavel (PR) ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ဟဲရာ ၁၅၇ မှ ၁၅၉.၅၀ သို့လည်းကောင်း၊  Paranaguá (PR) ဆိပ်ကမ်းဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ဟဲရာ ၁၆၃ မှ ၁၆၅ သို့လည်းကောင်း၊ Rondonópolis (MT)ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျှင် ဟဲရာ ၁၅၂ မှ ၁၅၅ သို့ လည်းကောင်း၊ Dourados (MS) ဈေးကွက်တွင် ၁ အိတ်လျှင် ဟဲရာ ၁၅၂ မှ ၁၅၇ သို့လည်းကောင်း အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီ၏သတင်းတွင် ရေးသားထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading