ပြည်ပသတင်းများ

သြစတြေးလျ Sheepmeat ထုတ်လုပ်သူများ ယူကေ ဈေးကွက်တွင် နေရာရနိုင်

မကြာသေးမီက ကြေညာလိုက်သည့် ဩစတြေးလျနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား ထူ ထောင်မည့် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူစာချုပ်အရ (၁၀) နှစ်အတွင်း Duty-free Quota ရမည်ဖြစ်ရာ ဩစတြေးလျ Sheepmeat (သိုးသားနှင့် ဆိတ်သား)ထုတ်လုပ် သူများသည် လက်ရှိတင်ပို့လျက်ရှိသည့် တန်ချိန် ၂၅,၀၀၀ မှ တန်ချိန် ၇၅,၀၀၀ အထိ တိုးတက် လာနိုင်ဖွယ်ရှိ ကြောင်းနှင့် ယူကေဈေးကွက်တွင် ကောင်းစွာရပ်တည်နိုင်မည့် အလားအလာရှိကြောင်း သိရှိရ ပါသည်။

ယခုကဲ့သို့ ယူကေဈေးကွက်အသစ်ရရှိခြင်းမှာ ဩစတြေးလျ Sheepmeat ထုတ်လုပ်မှု ကဏ္ဍအတွက် ဈေးကွက်ပြောင်းလဲတင်ပို့နိုင်သည့် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် တရုတ် နိုင်ငံမှာလည်း အခြားကုန်စည်များနှင့် နှိုင်းယှဉ်ပါက Sheepmeat ကို ဝယ်ယူဆဲဖြစ်ကြောင်း သိရှိရ ပါသည်။ တရုတ်နှင့်ကုန်သွယ်ရေးအငြင်းပွားမှုများ ဖြစ်ပွားသည်မှစ၍ ဩစတြေးလျနိုင်ငံသည် အာရှနှင့် မြောက်အမေရိကရှိနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ရန် အလေးထား ဆောင်ရွက်လျက်ရှိစဉ် ယခုကဲ့သို့ ဩစတြေးလျ-ယူကေ လွတ်လပ်သော ကုန်သွယ်မှုဒေသက သိုးထုတ်လုပ်သူများ အတွက် ကောင်းမွန်သော အခွင့်အလမ်းများ၏ တိုးတက်မှုအလားအလာ ကို ဖော်ဆောင်ပေး လိုက်ခြင်းဖြစ် ပါသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်သုံးခုအတွင်း ဩစတြေးလျနိုင်ငံ၏ ယူကေနိုင်ငံသို့ သိုးသားတင်ပို့မှု နှင့် စုစုပေါင်း သိုးသားတင်ပို့မှုအချိုးမှာ မှန်မှန်ကဆင်းခဲ့ရာ ပြီးခဲ့သည့်နှစ်များအတွင်း  ၈ % မှ ၂ % အထိကျဆင်းခဲ့ပါသည်။ ဆိတ်သားတင်ပို့မှုမှာလည်းအတန်အသင့်ကျဆင်းလာခဲ့ပြီး၊ ၁၉၉၅ ခုနှစ်ကို အခြေခံပါက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ၄ % မှ ၂ %  အထိ ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါ သည်။ လွန်ခဲ့သည့် (၅) နှစ်တာကာလအတွင်း ဩစတြေးလျနိုင်ငံမှ ယူကေနိုင်ငံသို့ Sheepmeat တင်ပို့မှုစုစုပေါင်း၏ နှစ်စဉ်ပျမ်းမျှတင်ပို့မှုမှာ တန်ချိန် ၁၀,၀၀၀ ခန့်ရှိကြောင်း သိရှိ ရပါသည်။ Australia-UK FTA အသစ်အရ Sheepmeat အတွက် Safeguard Quota တန်ချိန် ၂၅,၀၀၀ ထားရှိ ထားသော်လည်း ဆယ်စုနှစ်အကုန်တွင် တန်ချိန် ၇၅,၀၀၀ အထိ တိုးတက်လာ မည်ဖြစ်ကြောင်း နှင့်နောက်ပိုင်းတွင် Quota တန်ချိန်များ ပိုမိုရရှိလာနိုင်သည့်အခွင့်အလမ်းများ ရှိကြောင်းသိရှိရပါ သည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ခုနှစ်၊ ဇူလိုင်လ   ၂    ရက်

Loading