ပြည်ပသတင်းများ

ကာနိုလာဆီထွက်သီးနှံ ဈေးနှုန်းကျဆင်း

ကာနိုလာဆီထွက်သီးနှံဈေးနှုန်းသည် စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိပြီးနောက် ယခု အခါ ဩစတြေးလျ ကာနိုလာဈေးနှုန်းမှာ တစ်တန်လျှင် အေဒေါ်လာ ၁၀၀ ခန့်ကျဆင်းသွားပြီး၊ ကနေဒါကာနိုလာမှာမူတစ်တန်လျှင် ၁၅၀ အထိ အသီးသီးကျဆင်းသွားကြောင်း သိရှိရပါသည်။ ဩစတြေးလျ စိုက်ပျိုးရေးသမားများမှာ ကာနိုလာဆီထွက်သီးနှံကို ဧကများစွာ စိုက်ပျိုးထားရှိ သည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းကျဆင်းသွားခြင်းမှာ စိုက်ပျိုးရေးသမားများအတွက် သတင်း ကောင်းမဟုတ်ပေ။ ပြီးခဲ့သည့် မေလအတွင်းမှ ဩဂုတ်လလယ်အထိ ကမ္ဘာ့အဓိကသီးနှံများဖြစ် သည့် ဂျုံ၊ ပြောင်း၊ ပဲပုတ်နှင့် ကာနိုလာသီးနှံများထွက်ရှိမှုကာလဖြစ်ရာ  သိရှိရပါသည်။

ယခုနှစ်တွင်ဩစတြေးလျနိုင်ငံ၌ကာနိုလာသီးနှံကိုဧကပေါင်းစွာ စိုက်ပျိုးထားပြီး၊ အခြား နိုင်ငံများတွင်လည်းကာနိုလာနှင့် ပဲပုတ်ကို မြောက်မြားစွာစိုက်ပျိုးထားရာ ဈေးနှုန်းကျဆင်းနိုင် ကြောင်း သိရှိရပါသည်။ သို့သော်လည်း အမေရိကန်နှင့် ဥရောပရှိ စိုးရိမ်ဖွယ် ရာသီဥတုအခြေ အနေမှာလည်း ကာနိုလာဈေးနှုန်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့် လက ဩစတြေးလျနိုင်ငံတွင် ကာနိုလာတစ်တန်လျှင် အေဒေါ်လာ ၈၀၀ အထိ ရောက်ရှိခဲ့ပြီး၊ ယခုလတွင် အနောက်ပိုင်းဩစတြေးလျ၌ တစ်တန်လျှင် အေဒေါ်လာ ၇၀၀ ကျော်ခန့်နှင့် အရှေ့ ပိုင်းတွင် တစ်တန်လျှင် အေဒေါ်လာ ၇၀၀ အောက်ခန့်ရောက်ရှိခဲ့ရာ ကာနိုလာဆီထွက်သီးနှံ ဈေးနှုန်းမှာ ခိုင်မာမှုရှိဆဲဖြစ်ကြောင်း သိရှိရပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ခုနှစ်၊ ဇူလိုင်လ   ၂    ရက်

Loading