ပြည်ပသတင်းများ

တရုတ်နိုင်ငံအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်မှု အားကိုးအားထား ပြုမည်ဖြစ်၍ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း စားအုန်းဆီ တင်သွင်းမှုကို လျှော့ချမည်

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် အောက်တိုဘာလ၊ ၂၀၂၁ မှစက်တင်ဘာလ၊ ၂၀၂၂ အတွင်း တရုတ်နိုင်ငံက ၎င်း၏စားအုန်းဆီဝယ်ယူမှုကို လျှော့ချရန် မျှော်လင့်ထား ကြောင်းသိရှိရပါသည်။ ၎င်းသည်ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု အပေါ်မှီခိုမှု လျှော့ ချရန် အထောက်အကူပြုသည့် ဆောင်ရွက်မှုတစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ ပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စားအုန်းဆီတင်သွင်းသူဖြစ်သည်။

တရုတ်စိုက်ပျိုးရေး အလားအလာ ကော်မတီ (China’s Agriculture Outlook Committee CAOC) သည် ၂၀၂၁ မှ ၂၂ အထိစားအုန်းဆီ တင်သွင်းမှုကို တန်ချိန်သန်း ၄.၅ မှ ၄.၂  အထိလျှော့ချနိုင်ကြောင်း တရုတ်စိုက်ပျိုးရေး ထောက်ပံ့မှုနှင့် ဝယ်လိုအား ခန့်မှန်းချက် (CASDE) မှမေလ ၁၃  ရက်တွင် ထုတ်ပြန်ခဲ့ သည့် အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။

တရုတ်နိုင်ငံသည် သန့်စင်ပြီး၊ အရောင်ချွတ်ပြီး၊ အနံ့ချွတ်ပြီးဆီ refined, bleached and deodorized RBD  ထပ်တိုးတန်ချိန် သန်းပေါင်း ၁.၄ မှ ၁.၈ ခန့် နှစ်စဉ် တင်သွင်းလျက်ရှိရာ၊ မာဂျရင်းကဲ့သို့သော မုန့်ဖုတ်ရာတွင်သုံးသော အဆီများထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆီအုန်း၊ ဆပ်ပြာနှင့် တိရိစ္ဆာန်အစာများကိုလည်း နှစ်စဉ်တင်သွင်းလျက်ရှိပါသည်။

အဆိုပါ အချက်အလက်များသည် အမေရိကန်စိုက်ပျိုးရေးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေး ဝန်ကြီး ဌာန၏မေလ ၁၂ ရက်အစီရင်ခံစာအရ ဖေါ်ပြထားသည့် တရုတ်နိုင်ငံ၏ ၂၀၂၁ မှ ၂၂ အထိ စားအုန်းဆီ တင်သွင်းမှုတန်ချိန် ၇ ဒသမ ၂ သန်း အထိ မြင့်တက်နိုင်ပြီး ၂၀၂၀-၂၁-၂၁ အဆင့်ထက် ၆ ရာခိုင်နှုန်း နီးပါးမြင့်တက်ခဲ့ကြောင်း အစီရင်ခံတင်ပြချက်နှင့် သွေဖီလျက်ရှိကြောင်း ဖေါ်ပြထား ပါသည်။

တရုတ်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှုတက်လာရခြင်းမှာ ပြီးခဲ့သည့်နှစ်က တရုတ် နိုင်ငံသည် ၎င်း၏အများဆုံးစားသုံးဆီဖြစ်သည့် ပဲပုပ်ဆီနှင့် ဝက်မွေးမြူရေးအတွက် မဖြစ်မနေလိုအပ်သော ပဲပုတ်ဆီကြိတ်ဖတ်များကို ပြည်တွင်းမှရိတ်သိမ်း ထုတ်လုပ်မှုများအပေါ် မှီခိုအားထားမှု တိုးမြှင့်ရေးကြိုးပမ်း သည့်အနေဖြင့် နှစ်ဆတိုး ထုတ်လုပ်ခဲ့သည်။

လက်ရှိနှစ်အတွက်မေလ CASDE အစီရင်ခံစာတွင် ဧပြီလခန့်မှန်းထုတ်လုပ်မှုတန်ချိန် ၂၈.၄၉ သန်းမှ တန်ချိန် ၂၉.၀၃ သန်းသို့ တိုးမြှင့်ထုတ်လုပ်ကြောင်းဖေါ်ပြခဲ့ရာ အဓိကအားဖြင့် ပြည်တွင်းပဲပုတ်၊ မြေပဲနှင့်မုန်ညှင်းဆီထုတ်လုပ်မှု တိုးတက်မှုတို့မှ တိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၁ မှ ၂၂ ခုနှစ်အထိ စားသုံး ဆီထုတ်လုပ်မှုသည် တန်ချိန် ၂၉.၅၇ သန်းအထိ ထပ်မံတိုးချဲ့မည်ဟု မျှော်လင့်ထားကြောင်း CAOC မှ ဖေါ်ပြထားပါသည်။

ပဲပုပ်၊ မုန်ညင်းနှင့်မြေပဲဆီများသည် တရုတ်နိုင်ငံတွင် အများဆုံး ထုတ်လုပ်သော စားသုံးဆီ များဖြစ်ပြီး၊ ပဲပုပ်ဆီသည် တရုတ်နိုင်ငံပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း၏ ၆၀% ရှိပါသည်။ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် ပဲပုတ်ဝယ်ယူမှုအပေါ် အကြီးအကျယ် မှီခိုနေခဲ့ပြီး၊ ၎င်းသည် ပြည်ပမှတင်သွင်းသောပဲများ၏ ၈၀% ကျော်ကို တိရိစ္ဆာန် စာများ အထူးသဖြင့် ဝက်မွေးမြူရေး ကဏ္ဍအတွက် လိုအပ်ချက်ကိုဖြည့်တင်းရန်ဖြစ်ပါသည်။

စားအုန်းဆီ စျေးနှုန်းပြောင်းလဲမှုနှင့်ပတ်သတ်၍ ၂၀၂၀-၂၁ နှစ်အတွင်း ခန့်မှန်း ဈေးနှုန်း မှာမပြောင်းလဲရှိနေဆဲဖြစ်ပြီး မက်ထရစ်တစ်တန်လျှင် ယွမ် ၆၆၀၀-၇၆၀၀ / တန်ချိန် (ဒေါ်လာ ၁,၀၂၂.၈၆ မှ ၁,၁၇၇.၈၄/တန်ချိန်) အထိရှိသည်ဟု CASDE ၏အစီရင်ခံစာအရ သိရှိရပါသည်။ ထို့အပြင် မလေးရှား အနာဂတ်စျေးကွက်တွင် စျေးနှုန်းစံချိန်တင် မြင့်တက်ခဲ့သော်လည်း အရောင်း အဝယ်ဖြစ်နေသည့် စားအုန်းဆီဈေးနှုန်းများမှာ ချက်ချင်းလက်ငင်း လျော့နည်းနေခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ရင်းမြစ်၊https://www.spglobal.com/platts/en/market-insights/videos/market-movers-americas/062821-us-      crude-exports-poised-to-rise-usgc-exports

ဒေါက်တာဝေရီလင်း၊ စီးပွားရေးသံမှူး

ကူမင်း

Loading