ပြည်ပသတင်းများ

လူလိုက်ပါသည့် Shenzhou-12 အာကာသယာဉ်အား ဇွန်လ (၁၇) ရက်နေ့တွင် လွှတ်တင်ခဲ့သည့် တရုတ်နိုင်ငံ

လူလိုက်ပါသည့် Shenzhou-12 အာကာသယာဉ်အား ဇွန်လ (၁၇)ရက်၊ ပေကျင်း စံတော်ချိန် (၀၉:၂၂) နာရီတွွင် တရုတ်နိုင်ငံ အနောက်မြောက်ဘက် Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ပါသည်။ ၎င်းအာကာသယာဉ်တွင် အမျိုးသား အာကာသယာဉ်မှူး (၃)ဉီးလိုက်ပါသွားကာ တရုတ်၏ အာကာသစခန်း တည်ဆောက်ရေး အတွက် သွားရောက်ခြင်းဖြစ်ပါသည်။

ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်ပြီးနောက်  ဂြိုဟ်ပတ်လမ်းအတွင်း အဓိက ယူနစ်နှင့် ကုန်တင်ယာဉ် Tianzhou-တို့ဖြင့် ဖွဲ့စည်းထားသည့်စခန်း၏ အဓိကယူနစ် ဖြစ်သော  Tianhe နှင့် လျင်မြန်စွာ အလိုအလျောက်ချိတ်ဆက်မည်ဖြစ်ပါသည်။  အာကာသ ယာဉ်မှူးများကို တင်ဆောင်သွားမည့် Shenzhou-12 သည် အဓိကယူနစ်တွင် စခန်းချ မည်ဖြစ်ကာ ဂြိုဟ်ပတ်လမ်းအတွင်း၌ (၃)လကြာ နေထိုင်မည်ဖြစ်ပါသည်။

လွှတ်တင်မှုအား Long March-2F ဒုံးပျံယာဉ်ဖြင့် ဆောင်ရွက်ခဲ့ကာ၊ ဇွန်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တွန်းကန်ပေးမည့် ဓာတ်ငွေ့များဖြည့်တင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ရင်းမြစ်၊ Xinhua (၁၆-၆-၂၀၂၁)

Loading