ပြည်ပသတင်းများ

တရုတ်နိုင်ငံ၏ နည်းပညာအဆင့်မြင့် လုပ်ငန်းများအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဆင်းဝင်ရောက်နေဆဲဖြစ်

တရုတ်နိုင်ငံ၏ နည်းပညာအဆင့်မြင့်လုပ်ငန်းများအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ကြောင်း ပြည်သူ့နေ့စဉ်သတင်းစာ၏ သတင်းအရ သိရပါသည်။

ယခုနှစ် ပထမ (၅)လအတွင်း တရုတ်၏ နည်းပညာအဆင့်မြင့်လုပ်ငန်းများ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်လာခြင်းမှာ (၃၄.၆)ရာခိုင်နှုန်းတိုးတက် လာခဲ့ကြောင်း၊ ၎င်းအနက် နည်းပညာအဆင့်မြင့် ဝန်ဆောင်မှုလုပ်ငန်းများထံ ရင်းနှီးမြှုပ်နှံ မှုဝင်ရောက်ခဲ့သည့် တိုးတက်မှုနှုန်းမှာ  (၃၇.၆) ရာခိုင်နှုန်းဖြစ်ကာ၊ နည်းပညာအဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများထံ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့သည့် တိုးတက်မှုနှုန်းမှာ  (၂၅) ရာခိုင် နှုန်း အသီးသီးဖြစ်ခဲ့ပါသည်။

ပထမ (၅)လအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ဝင်ရောက်လာမှုမှာ အမေရိကန်ဒေါ်လာ (၄၈၁) ဘီလီယံရှိပြီး၊ (၂၀၁၉)ခုနှစ် ကာလတူထက် (၃၀.၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။ အလားတူကာလတွင် ဝန်ဆောင်မှု လုပ်ငန်းများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ဝင်ရောက်လာမှုမှာ အမေရိကန် ဒေါ်လာ (၃၈၁.၉၀) ဘီလီယံရှိပြီး၊ (၂၀၁၉)ခုနှစ် ကာလတူထက် (၄၁.၆) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ရပ်ဝန်းနှင့် ပိုးလမ်းမ အဖွဲ့ဝင်နိုင်ငံများထံမှ (၅၄.၁) ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများထံမှ (၅၆) ရာခိုင်နှုန်းနှင့် ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံမှ (၁၆.၈) ရာခိုင်နှုန်း အသီးသီးပါဝင်ပါသည်။

အဆိုပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရင်းနှီးမြှုပ်နှံမှု ပမာဏ၌ (၃၇) ရာခိုင်နှုန်း၊ အလယ်ပိုင်း၌ (၃၆) ရာခိုင်နှုန်း၊ အနောက်ပိုင်း၌ (၁၀.၄) ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။ ထိုကာလအတွင်း တရုတ်နိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာရောက်တည်ထောင်မှုမှာ (၁၈,၄၉၇)ခုရှိခဲ့ပြီး ၊ (၂၀၁၉)ခုနှစ် ကာလတူထက် (၁၂.၄၀) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလအတွင်း ကောက် ယူခဲ့သော စစ်တမ်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ (၉၆.၄) ရာခိုင်နှုန်းက တရုတ်နိုင်ငံ ရှိ၎င်းတို့၏ အနာဂတ်အလားအလာများအပေါ် အပြုသဘောဖြင့်ရှုမြင်ကြရာ၊ ယခုနှစ်စပိုင်းက ထက် (၂.၁) မှတ် တိုးတက်လာကြောင်း သိရပါသည်။

ရင်းမြစ်၊  chinadaily. (၁၅-၆-၂၀၂၁)

Loading