ပြည်ပသတင်းများ

တရုတ် – အာဆီယံ ကုန်သွယ်မှုဗဟိုဖြစ်လာသည့် နန်နင်းမြို့

မကြာသေးမီက နန်နင်းမြူနီစီပယ်ပြည်သူ့အစိုးရက (၁၄) ကြိမ် မြောက် ငါးနှစ်စီမံ ကိန်း (၂၀၂၁-၂၅)နှင့် (၂၀၃၅)ခုနှစ်အတွက် ရေရှည်မျှော်မှန်းချက်များနှင့်ပတ်သက်၍ ၎င်း၏ ဖွံ့ဖြိုးမှုစီမံကိန်းများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

၎င်းထုတ်ပြန်ကြေညာချက်များတွင် နန်နင်းမြို့အား  ဘက်စုံမှ တံခါးဖွင့်ပေးကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရာသစ်တစ်ရပ်အဖြစ်လည်းကောင်း၊ အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုအတွက် တံခါးဖွင့်ပေးထားသည့်  ဒေသတွင်းရှိ အပြည်ပြည်ဆိုင်ရာ မြို့တော် အဖြစ်လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများနှင့် ဒေသများကို ဆက်သွယ်ထားသည့် အရေးပါသော ဝင်ပေါက်ထွက်ပေါက်နှင့် အချက်အချာ မြို့တော်အဖြစ် လည်းကောင်း ပြောင်းလဲသွားရေး အဆိုပြုထားပါသည်။

နန်နင်းမြို့သည် တရုတ်နိုင်ငံရှိ  ပြည်နယ်များအနက် အာဆီယံနှင့် အနီးကပ် ဆုံး ပြည်နယ်အဆင့်မြို့တော်ဖြစ်ပြီး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွက် လက်ခံ ကျင်းပပေးရာ မြို့တော်လည်း ဖြစ်ပါသည်။

ယခုနှစ်မှ (၂၀၂၅)ခုနှစ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများ၊ ဒေသများနှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ပြုဆောင်ရွက်မှု (RCEP)   အဖွဲ့ဝင်နိုင်ငံ များသို့ ပြပွဲ၏ ဝန်ဆောင်မှုနယ်ပယ်အား တိုးချဲ့သွားရန် ဤမြို့တော်က အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ထို့ပြင် RCEP စမ်းသပ်နယ်ပယ်များနှင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးအတွက် ဗဟိုနေရာဖြစ်လာရန်အတွက်လည်း အားထုတ်ကြိုးပမ်း သွားမည်ဖြစ် ပါသည်။

နန်နင်းမြို့တော်သည် ပန်-ပုလဲ မြစ်ဝှမ်းမြို့တော်များ ပြပွဲပူးပေါင်းဆောင်ရွက်မှု၌ လည်း တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကာ၊ ပြပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်ယူ ရေးစင်တာတစ်ရပ် တည်ထောင်ပြီး၊ အပြည်ပြည်ဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် နယ်စပ်ဖြတ် ကျော်ပူးပေါင်းဆောင်ရွက်မှုကဲ့သို့ ပြပွဲ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အား တိုးချဲ့သွားမည် ဖြစ်ပါသည်။

တရုတ်-အာဆီယံအွန်လိုင်းပြပွဲကိုလည်း တစ်နှစ်ပတ်လုံး ဆောင်ရွက်မှုပြုသွား မည်ဖြစ်ပါသည်။ ထိုမျှမက တရုတ်နိုင်ငံရှိ အာဆီယံရေးရာကိစ္စများအတွက် အဓိက ဗဟိုဌာန အသွင်သို့ ပြောင်းလဲရန် (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း နန်နင်း မြို့တော်၌ စီးပွားရေးရုံးများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ တည်ထောင်ရန် နိုင်ငံများနှင့် ဒေသများကို ပိုမိုဆွဲဆောင်သွားရေးနှင့် မြို့တော်တွင် အာဆီယံအစည်းအဝေး များနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပိုမိုကျင်းပသွားရန် မြှင့်တင် ဆောင်ရွက်ရေးတို့ကိုလည်း ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

နန်နင်းမြို့သည် ၎င်း၏ ဒေသတွင်းဆိုင်ရာအားသာချက်များကို အပြည့်အဝ အသုံးချ သွားမည်ဖြစ်ကာ၊ အာဆီယံနိုင်ငံများ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာ ပင်လယ်အော် ဒေသနှင့် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်း စင်္ကြံအသစ်တို့အကြား စက်အင် အားကို အသုံးပြု၍ အကြီးစားထုတ်လုပ်မှုများတွင် ပါဝင်ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

နန်နင်းမြို့သည် အာဆီယံဈေးကွက်များသို့ တရုတ်လုပ်ငန်းများ ဝင်ရောက် နိုင်ရန်နှင့်  တရုတ်ပြည်မကြီးဈေးကွက်အတွင်း အာဆီယံလုပ်ငန်းများ ဝင်ရောက်နိုင်ရန် လုပ်ငန်းရင်းနှီးမြှုပ်နှံမှု အချက်အချာတစ်ရပ်ဖြစ်လာစေရန်လည်း တည်ဆောက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ကုန်သွယ်ရေးငွေပေးငွေယူပြုလုပ်သောနေရာ၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အားပေးသော မြို့တော်နှင့် ဘဝတစ်လျှောက်လုံး အာမခံထားရှိ ဝန်ဆောင်မှုပေးသောနေရာများ ဖြစ်လာစေရန်လည်း နည်းလမ်းရှာဖွေသွားမည်ဟု သိရပါသည်။

ရင်းမြစ်၊  en.gxzf.gov.cn (၈-၆-၂၀၂၁)

Loading