ပြည်ပသတင်းများ

နန်နင်းနှင့် ကွာလာလမ်ပူအကြား ကုန်တင်လေယာဉ် စတင် ပြေးဆွဲ

မလေးရှားနိုင်ငံ Raya လေကြောင်းလိုင်းမှ ပြေးဆွဲသည့် ကုန်တင်လေယာဉ်သည် မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နန်နင်း Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇွန်လ (၁၄)ရက်နေ့တွင် ဆိုက်ရောက်လာခြင်း ဖြင့် နန်နင်းနှင့် ကွာလာလမ်ပူတို့အကြား ကုန်တင်လေကြောင်းလိုင်း ပြေးဆွဲမှုကိုစတင် လိုက်ပြီဖြစ်ပါသည်။

၎င်းလေယာဉ်တွင် နယ်စပ်ဖြတ်ကျော် e-commerce အတွက် အဝတ်အထည်များ၊ ဖိနပ်များနှင့် ခရီးဆောင်လက်ဆွဲသေတ္တာများကို တင်ဆောင်လာပါသည်။ ကွမ်ရှီးလေဆိပ်၌ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်တင် လေကြောင်းလိုင်း များပြီးနောက် အဆိုပါ မလေးရှားကုန်တင်လေကြောင်းလိုင်းသည် တတိယမြောက် ကုန်တင် လေကြောင်းလိုင်း ဖြစ်လာပါသည်။

၎င်းလေကြောင်းလိုင်းသည် ကွမ်ရှီးနှင့် အာဆီယံတို့အကြား စီးပွားရေးနှင့် ကုန်သွယ် ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေးသည့် ပေါင်းကူးနေရာအသစ် တစ်ရပ်ဖြစ်လာ လိမ့်မည်ဟု မျှော်မှန်းထားပါသည်။

လက်ရှိတွင် နန်နင်း၌ တည်ရှိသော တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ် ရေးစမ်းသပ်ဇုန်တွင် နေ့စဉ် ပျမ်းမျှ အပြည်ပြည်ဆိုင်ရာချောအိတ်နှင့်  e-commerce အမယ်ပေါင်း တစ်သန်းခန့်ကို လုပ်ငန်းဆောင်ရွက်ပေးနေပြီး၊ Lazada ကဲ့သို့ အရှေ့တောင် အာရှ၏ အကြီးဆုံး e-commerce platform မျိုးကို ဆောင်ရွက်နေသည့် နယ်စပ် ဖြတ်ကျော်ကုမ္ပဏီများ လာရောက်အခြေချရန် ဆွဲဆောင်လျက်ရှိပါသည်။

အနာဂတ်တွင် အာဆီယံနိုင်ငံများနှင့် ကုန်တင်လေကြောင်းလိုင်း ပြေးဆွဲမှုများ ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကာ နန်နင်းမြို့အား ဒေသတွင်းနှင့် အာဆီယံသို့ ရှေ့ရှုသည့် အပြည်ပြည်ဆိုင်ရာလေကြောင်းအချက်အချာနေရာဖြစ်လာရန်  ပြောင်းလဲမှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဟု  တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၆-၆-၂၀၂၁)

Loading