ပြည်ပသတင်းများ

SMEs များကိုကူညီရန် အဆင့်သစ်များကို အစိုးရက ကတိပြုခြင်း

အစိုးရအနေဖြင့် ကပ်ရောဂါ၏သက်ရောက်မှုကိုခံစားနေရသော SMEs များကို ကူညီ ရန်အစီအစဉ်သစ်များကို အစပြုဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်းသိရှိရပါသည်။ အမျိုး သားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ အတွင်းရေးမှူးချုပ် Danucha Pichayanan က ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာသည် ထိုင်းကုန်သည်ကြီးများအသင်းဝင်များ၊ ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(FTI)၊ ထိုင်းဘဏ်များအသင်း၊ ထိုင်း SMEs လုပ်ငန်းရှင် များအသင်းတို့နှင့် ကပ်ရောဂါ ကြောင့်ထိခိုက်ခဲ့ရသော SMEs များကိုကူညီနိုင်ရေးအတွက် ပိုမိုထိရောက်မည့် နည်းလမ်းများရှာဖွေ နိုင်ရန်ဇွန်လ(၂၃)ရက်နေ့တွင် ပူးတွဲအစည်းအဝေး ပြုလုပ်သွားရန် စီစဉ်နေကြောင်းသိရှိရပါသည်။

ဝန်ကြီးချုပ်က ကပ်ရောဂါကြောင့်ထိခိုက်ခံစားခဲ့ရသော SMEs များအတွက် စိုးရိမ် ကြောင်းပြောကြားခဲ့ပါသည်။ ၎င်းကSMEs များစွာသည်အစိုးရ၏ ဘတ်ဂျက်ဘီလီယံ (၂၅၀) တန်ဖိုးရထိုင်းဘဏ်၏ ပြင်ဆင်ထားသောချေးငွေ(soft loan) စီမံကိန်းကဲ့သို့သော အစိုးရ၏ လက်ရှိအကူအညီပေးရေး အစီအစဉ်များကို ရရှိခြင်းမရှိသေးကြောင်းနှင့်အခြားသော SMEs များအနေဖြင့်လည်း အစိုးရ အားဘဏ္ဍာရေးအထောက်အပံ့အပြင် အခြားသောအထောက် အပံ့များ ထောက်ပံ့ကူညီပေးစေလို ကြကြောင်းဖြင့်ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးပရာယွတ်က SMEs များကိုအထောက်အပံ့ဖြစ် စေရန် စီးပွားရေးလုပ်ငန်းကြီးများမှ ပိုမိုပူးပေါင်းပါဝင်ကြရန် တောင်းဆိုဖွယ်ရှိနေကြောင်းသိရှိ ရပါသည်။ ကုမ္ပဏီကြီးများအနေဖြင့် SMEs များမှချေးငွေလျှောက်ထားတောင်းခံလာပါက SMEs များအတွက် အာမခံကုမ္ပဏီကြီးများအဖြစ် ဆောင်ရွက်ပေးရန်တောင်းဆိုနိုင်ကြောင်း၊ ယခုပထမဆုံးခြေလှမ်းသည် SMEs များ၏ငွေဖြစ်လွယ်မှုကို ပိုမိုအားကောင်းလာစေရန်နှင့် ၎င်း တို့အား အရောင်းလမ်းကြောင်းများကို ကမ်းလှမ်းနိုင်ရန်အတွက် ဉီးဆောင်လက်လီစီးပွားရေး လုပ်ငန်းကုမ္ပဏီကြီးများနှင့် စီးပွားရေးဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း mr.Danucha ကပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

အဆိုပါအစီအစဉ်အရ လက်လီရောင်းချသူများသည် ၎င်းတို့၏ SMEs များအနေဖြင့် ယုံကြည်စိတ်ချရသူများဖြစ်ကြောင်း ပြသနိုင်ရန်အတွက်စစ်ဆေးရန်နှင့် သတင်းအချက် အလက်များ ပေးဝေနိုင်ရန် နည်းပညာများကိုအသုံးပြုကြကြောင်း၊ ၎င်းက SMEs များအတွက် ဘဏ်ချေးငွေရယူရန် စဉ်းစားဆောင်ရွက်ရသောလုပ်ငန်းစဉ်ကို မြန်ဆန်စေခြင်းနှင့်ချေးငွေရ ယူရန် အခွင့်အလမ်းတို့ကို တိုးပွားစေကြောင်းသိရှိရပါသည်။

အမည်မဖေါ်လိုသူအစိုးရအိမ်တော်မှသတင်းရင်းမြစ်တစ်ခုက (၁၆.၆.၂၀၂၁ရက်‌နေ့) တွင်ဗိုလ်ချုပ်ကြီးပရာယွတ်နှင့်တွေ့ဆုံခဲ့သော ထိုင်း SMEs အသင်းက ကပ်ရောဂါ တတိယ လှိုင်းသည် SMEs ပေါင်း(၃၀၀,၀၀၀) ကျော်ကိုဘဏ္ဍာရေးအခက်အခဲများဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည် ဟုသိရှိရပါသည်။ SMEs များသည် ကပ်ရောဂါကြောင့်ထိခိုက်လွယ်သော လုပ်ငန်းများဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ချေးငွေရရှိရန်ခက်ခဲလျက်ရှိကြောင်း၊ SMEs များသည် GDP ၏ (၃၂-၃၅%) ရှိကြောင်း သိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading