ပြည်ပသတင်းများ

ဇွန်လ (၂၆) ရက်နေ့တွင် ကုမ္ပဏီပေါင်း (၂၄,၀၀၀) မှ ဝန်ထမ်း များကို ကာကွယ်ဆေး ထိုးပေးနိုင်လိမ့်မည်ဟုခန့်မှန်း(ထိုင်း)

စီးပွားရေးကဏ္ဍအတွက် ကာကွယ်ဆေးထိုးခြင်းနှုန်းကို အရှိန် မြှင့်တင်ရန်အတွက် စက်ရုံအလုပ်သမားများအပါအဝင် ကုမ္ပဏီပေါင်း (၂၄,၀၀၀)မှ ဝန်ထမ်းများကို ဇွန်လ(၂၆)ရက် နေ့အတွင်း Covid-19 ကာကွယ်ဆေးထိုးနိုင်ရန်အာဏာပိုင်များက စီစဉ်ဆောင်ရွက်လျက်ရှိ နေကြောင်း သိရှိရပါသည်။ လူမှုဖူလုံရေး  အက်ဉပဒေပုဒ်မ(၃၃)အရ  အကျုံးဝင်သော  အလုပ် သမား (၁,၀၀၀) ခန့်ကို ဗန်ကောက်အရှေ့ပိုင်း Nong Chok ခရိုင်ရှိစက်ရုံတစ်ရုံတွင် နေ့စဉ်ကာကွယ်ဆေးထိုးပေးလိမ့်ဟု စက်မှုဝန်ကြီးဌာနဝန်ကြီး Suriya Jungrungreangkit က အလုပ်သမားဝန်ကြီးSuchart Chomklinနှင့် အတူယမန်နေ့ (၁၆.၆.၂၀၂၁ရက်နေ့) ကကာကွယ်ဆေးထိုးသည့်နေရာသို့ လာရောက်စဉ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အရာရှိများအနေဖြင့် အလုပ်သမားများမှာများစွာရှိနေခြင်းကြောင့် ဉီးစားပေးဖြင့် ကာကွယ်ဆေးထိုးပေးချင်နေကြပါသည်။ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ရုံအလုပ်သမားများ အတွက် ကာကွယ်ဆေးထိုးရန်နေရာပေါင်း(၂၇)နေရာကို ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ Sinsakhon စက်မှုဇုန်၊ Samut Sakhon စက်မှုဇုန်၊ Chonburi ရှိ Amata City ၊ Map Ta Phut စက်မှုဇုန်၊ Bangkadi စက်မှုဇုန်နှင့် Mae Moh ဓါတ်အားပေးစက်ရုံစသည့်နေရာ(၆)ခုကို ပြည်နယ် အုပ်ချုပ်ရေးမှူးများက အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း Mr. Suriya က သောကြာနေ့ (၁၂.၆.၂၀၂၁ရက်နေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင်စက်ရုံပေါင်း (၆၄,၀၀၀)ခန့်ကို စက်မှုဇုန်အာဏာပိုင်အဖွဲ့နှင့် စက်မှု လုပ်ငန်းဉီးစီး ဌာနတို့မှကြီးကြပ်နေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် လူမှုဖူလုံရေး အက်ဉပဒေပုဒ်မ (၃၃) အရအကျုံးဝင်သော အလုပ်သမားပေါင်း(၃.၃) သန်းခန့်ရှိနေကြောင်း၊ အလုပ်သမား (၈၅၀,၀၀၀) ခန့်မှာစက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကြကြောင်းMr. Suriya ကပြောကြားခဲ့ပါသည်။

စက်ရုံပိုင်ရှင်များအနေဖြင့် ထိုင်းနိုင်ငံ၏ Thai Stop Covid Plus Campign လှုပ်ရှား မှုအရ ၎င်းတို့၏ စက်ရုံများအား ဗိုင်းရပ်စ်ကူးစက်မှုကင်းစင်သော လုပ်ငန်းခွင် ဖြစ်စေရေး စစ်ဆေးဆောင်ရွက်ရန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါသည်။ ယခု အချိန်ထိ အဆိုပါလှုပ်ရှားမှုတွင် စက်ရုံပေါင်း (၈,၅၆၅) ရုံပူးပေါင်းပါဝင်လျှက်ရှိသည်ဟု Mr.Suriya ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ဤအတောအတွင်း Mr. Suchart က ၎င်း၏ ဝန်ကြီးဌာနအနေဖြင့် ဇွန်လ(၂၆) ရက်နေ့အတွင်းကုမ္ပဏီပေါင်း (၂၄,၀၀၀) မှဝန်ထမ်းများ အတွက် ကာကွယ်ဆေးများ ဖြန့် ဖြူးပေးနိုင်ရန်အတွက်ဒေသ(၂၃) ခုရှိလူမှုဖူလုံရေးရုံး အောက်ရှိ ဆေးရုံများနှင့်ကွန်ယက်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ (၁၆.၆.၂၀၂၁ရက်နေ့) ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကို ဇွန်လ (၇) ရက်နေ့တွင်စတင်ခဲ့ကြောင်းသိရှိရပါသည်။ ယခုလှုပ်ရှားမှုက အစိုးရ၏ နေ့စဉ်ကပ် ရောဂါ ကူးစက်မှုနှုန်းကိုလျှော့ချနိုင်ပြီး စီးပွားရေးကိုရှေ့သို့ လှမ်းတက်ရန်အစိုးရ၏ကြိုးပမ်း အားထုတ်မှုများကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။ အစိုးရအနေဖြင့် တစ်နေ့လျှင် အလုပ်သမားပေါင်း (၅၀,၀၀၀) ခန့်အတွက်ကာကွယ်ဆေးများဖြန့်ဝေပေး နိုင်ရန်မျှော်လင့်ထား ကြောင်းသိရှိရပါသည်။ အလုပ်သမားဝန်ကြီးဌာန၏အဆိုအရ လူမှုဖူလုံ ရေးအက်ဉပဒေပုဒ်မ (၃၃) နှင့်အကျုံးဝင်သောအလုပ်သမားများ အတွက်ကာကွယ်ဆေး ထိုးခြင်းကို ဇွန်လ(၇) ရက်နေ့မှစတင်ခဲ့ပြီးဇွန်လ (၁၄) ရက်နေ့အထိစုစုပေါင်း (၂၃၅,၁၈၈) ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading