ပြည်ပသတင်းများ

ကုန်စည်ပြပွဲများအတွက် ဘတ်ငွေ (၁) ဘီလီယံ ရင်းနှီးမြှုပ်နှံ ပေးရန် အစိုးရအားတိုက်တွန်း

ပြည်တွင်းကုန်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကိုရောင်းချရန်နှင့် စားသုံးသူများ၏ သုံးစွဲမှုများကို လှုံ့ဆော်ရန်အတွက် ကုန်စည်ပြပွဲများကို စီစဉ် ဆောင်ရွက် ကျင်းပ နိုင်ရေး ဘတ်ငွေ (၁) ဘီလီယံခန့် ချထားပေးရန်အစိုးရအား  တိုက်တွန်း ထားကြောင်းသိရှိရပါသည်။

အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ National Economic and Social Development Council (NESDC)၏ အထွေထွေအတွင်းရေးမှူးချုပ် Danucha Pichayanan မှတစ်ဆင့်ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား အဆိုပြုလွှာ တင်သွင်းခဲ့သော ထိုင်းကုန်စည်ပြပွဲကျင်းပရေးအသင်း ဒုတိယဉက္ကဌ Kavin Kittiboonya က ပြည်တွင်းစီးပွား ရေးကို ရှေ့သို့တက်လှမ်းနိုင်စေရန်အတွက် အထောက်အကူဖြစ်စေရန် ထိုင်းကုန်သည်ကြီးများ အသင်းနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်အဖွဲ့ဝင်များ၏ ထုတ်လုပ်သောကုန်ပစ္စည်း များကိုရောင်းချ နိုင်ရေးအတွက်အစိုးရအနေဖြင့် ကုန်စည်ပြပွဲများကျင်းပရေးကိုအရှိန်မြှင့်တင် ဆောင်ရွက်သွားသင့်ကြောင်းပြောကြားခဲ့ပါသည်။

ကုန်စည်ပြပွဲများသည် စားသုံးသူများအတွက်ကုန်ပစ္စည်းထုတ်လုပ်သူများအား ၎င်းတို့၏အများအပြားသိုလှောင်ထားသော ကုန်ပစ္စည်းများကိုရှင်းထုတ်နိုင်ရန်၊ ဝင်ငွေပိုမိုရရှိ စေရန်၊ စားသုံးသူများအနေဖြင့် ထုတ်လုပ်သူများထံမှ၎င်းတို့ တတ်နိုင်သောဈေးနှုန်းဖြင့် ကုန်စည်များဝယ်ယူရရှိရန် အခွင့်အလမ်းများရရှခြင်းစသည့် အကျိုးကျေးဇူးများကို ဖန်တီးပေး နိုင်ကြောင်းMr. Kavinက ပြောကြားခဲ့ပါသည်။ လူဉီးရေသန်း (၃၀) ကို အစိုးရက သမိုင်းဝင် ကာကွယ်ဆေးထိုးပြီးချိန်ဖြစ်သော ယခုနှစ်အောက်တိုဘာလနှင့် ၂၀၂၂ ခုနှစ်စက်တင်ဘာလ များတွင် ကုန်စည်ပြပွဲများကို ကျင်းပသင့် ကြောင်း၎င်းကပြောကြားခဲ့ပါသည်။

Mr. Kavin ၏အဆိုအရ အဆိုပါကုန်စည်ပြပွဲကို ဗန်ကောက်တွင်  ကျင်းပသင့်ကြောင်း နှင့်ကုန်စည်ပြပွဲနှင့်အတူ အစည်းအဝေးပွဲများ၊ အထူးအခွင့်အရေးပေးမှုများ၊ ညီလာခံများ၊ ပြပွဲ များစသည့် အဓိကအစီအစဉ်များကို ကျင်းပသင့်ကြောင်းနှင့် ပတ္တယား၊ ခွန်းကန်း၊ ချင်းမိုင်၊ ဖူးခက်၊ ဟက်ရိုင်း၊ နာ့ခွန်းရတ်ချာစီမာ့၊ ဖစ်ဆန်းနူလော့၊ ဉဒုန်ဌာနီနှင့်ဆူရတ်ဌာနီတို့တွင်လည်း ကျင်းပသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းက အသင်းအနေဖြင့် ကုန်စည်ပြပွဲတစ်ခုစီ အတွက် ဘတ်ငွေသန်း (၅၀) ခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုများအနေဖြင့် ဘတ်ငွေ (၁၀) ဘီလီယံတန်ဖိုးရှိသည့် များစွာသော အကျိုး ကျေးဇူးများကို ဖန်တီးပေးနိုင်ရန်ဖြစ်ကြောင်း(သို့မဟုတ်) ကုန်စည်ပြပွဲတစ်ခုလျှင် ပျမ်းမျှ ဘတ်သန်း (၅၀၀) ဟု ခန့်မှန်းထားကြောင်း၊ ပြပွဲတစ်ခုစီတွင်ပြပွဲပြသသူများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ထောက်ပံ့ပို့ဆောင်ရေးဆောင်ရွက်သူများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းကိုယ်စား လှယ်များ၏အသုံးစရိတ်များလည်း ပါဝင်ကြောင်း၎င်းကရည်ညွှန်း ကိုးကား၍ ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် တန်ဖိုးမြှင့်အခွန် Value-added tax(VAT) ကောက်ခံမှုမှ နေ၍ ဘတ်ငွေ သန်း(၇၀၀)ခန့်နှင့် ကော်ပိုရိတ်ဝင်ငွေခွန် ကောက်ခံမှုမှ ဘတ်ငွေသန်း (၃၀၀) ခန့်ရရှိ နိုင်မည်ဖြစ်ကြောင်း Mr.Kavin ကပြောကြားခဲ့ပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading