ပြည်ပသတင်းများ

ပြန်လည်ရှင်သန်လာမည့် ကတိကဝတ်များက ယုံကြည်မှု များကို တိုးပွားစေခြင်း (ထိုင်း)

ဗိုင်းရပ်စ်ကိုတိုက်ခိုက်နေသော ထိုင်းနိုင်ငံတွင် ရက်ပေါင်း (၁၂၀) အတွင်း တိုင်းပြည်အားပြန်လည်ဖွင့်လှစ်သွားရန်ဆိုသည့် အငြင်းပွားဖွယ် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ၏ ရည်မှန်းချက်မှာ Covid-19 ကူးစက်မှုများဖြစ်ပေါ်နေသည့်တိုင် စီးပွားရေးအပေါ် ယုံကြည်မှု များမြှင့်တင်ရန်အတွက် အကူအညီအထောက်အပံ့ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ထိုင်းစက်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ် Federation of Thai Industries (FTI) ကပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက စီးပွားရေးလုပ်ငန်းများ ရှင်သန်ရပ်တည်ရေး အတွက် ကောင်းမွန်စွာအကဲဖြတ်ပြီး စီမံခန့်ခွဲဆောင်ရွက်ရန် ပူးပေါင်းစွန့်စားဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း (၁၆.၆.၂၀၂၁ရက်နေ့)တွင်ပြောကြားခဲ့ပါသည်။ အဆိုပါ တိုင်းပြည်အား ပြန်လည်ဖွင့်လှစ်မည့် (Reopening) အစီအစဉ်အား သဘောတူသော်လည်း ရည်မှန်းချက်များ ပြည့်မီခြင်း ရှိ/မရှိ ဆိုသည်မှာ အစိုးရ၏ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးမှုအစီအစဉ် အပေါ်များစွာမူတည်နေကြောင်း FTI ကပြောကြားခဲ့ပါသည်။

တိုင်းပြည်အားအပြည့်အဝပြန်လည်ဖွင့်လှစ်ခြင်း(Fully reopening)ကစီးပွားရေး လုပ်ငန်းများစွာကို အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်းနှင့် စီးပွားရေးကိုမြှင့်တင်ပေး လိမ့်မည်ဖြစ်ကြောင်းFTI ၏ ဒုတိယဉက္ကဌ Kriengkrai Thennukul က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ Spas နှင့် စား သောက်ဆိုင်လုပ်ငန်းများ၊ အဆိုပါ စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးနေသော စက်ရုံလုပ်ငန်းများအနေဖြင့် ပြန်လည်နာလန်ထူလာလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြား ချက်အရ သိရှိရပါသည်။

အစိုးရအနေဖြင့် အစောပိုင်းက ဖူးခက်ကိုပြန်လည်ဖွင့်လှစ်ရန်ကြေငြာခဲ့ကြောင်း၊ အဆိုပါ ကြေငြာချက်အရ နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ အပန်းဖြေစခန်းများ သို့ Quarantine ဝင်စရာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုအချိန်အထိ ဖူးခက်တွင်နေထိုင်သူ (၆၄%) အား ကာကွယ်ဆေးထိုးပြီးဖြစ် ကြောင်း၊ မကြာမီ (၇၀%)အထိရောက်ရှိလာမည်ဟုမျှော်လင့်ရကြောင်း Mr. Kriengkrai ကပြောကြားခဲ့ပါသည်။ ဒေသတွင်း ရေနံလုပ်ငန်းရှင် Susco Plc ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက် တာ Chairit Simaroj ကတင်းကြပ်သော ခရီးသွားပိတ်ပင်တားဆီးမှုများအား ဖြေလျှော့ပေး ခြင်းက   ရေနံရောင်းချမှုကိုကပ်ရောဂါမတိုင်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး အထောက်အကူဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မိမိတို့အနေဖြင့် တိုင်းပြည်ကို ပြန်လည်ဖွင့်လှစ်ရန်စီမံဆောင်ရွက်မည်ဆိုပါက မိမိတို့ အနေဖြင့်သတိထားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကာကွယ်ဆေးမလုံ လောက်မှုကြောင့် လူအများအား ကာကွယ်ဆေးဖြန့်ဝေရန်နှောင့်နှေးမှုနှင့်ပတ်သက်၍ FTI အနေဖြင့် ယခင်က စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ပြဿနာက ဝန်ကြီးချုပ် ပရာယွတ်အစိုးရအပေါ်ယုံကြည်မှုများ လျှော့ပါးစေသည့် ဆုတ်ယုတ်မှုများဖြစ်ပေါ် လာစေနိုင်ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့်ကာကွယ်ဆေးရှားပါးမှုအပေါ် မကိုင်တွယ်နိုင်ပါက စီးပွားရေးပြန် လည်နာလန်ထူလာစေရန်အတွက် ကောင်းမွန်သောတိုးတက်မှုများရရှိနိုင်မှာ မဟုတ်ကြောင်း Mr.Kriengkrai ကပြောကြားခဲ့ပါသည်။ (၁၆.၆.၂၀၂၁ရက်နေ့) ရုပ်မြင်သံကြားထုတ်လွှင့်မှု အစီ အစဉ်တစ်ခုတွင်  ဗိုလ်ချုပ်ကြီး ပရာယွတ်က ကာကွယ်ဆေးပြတ်လပ်မှုနှင့် ပတ်သက်၍ စိုးရိမ် မှုများအပေါ်ရည်ညွှန်းကာ အစိုးရအနေဖြင့် ယခုနှစ်တွင် လူအများအပြားကို ကာကွယ်ဆေး ထိုးပေးရန် လုံလောက်သော ကာကွယ်ဆေး ပမာဏ (၁၀၅.၅) သန်းကို ဝယ်ယူရန်စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အဆိုပါ ကြေငြာချက်သည် စီးပွားရေး အပေါ် ယုံကြည်မှုများတိုးတက်လာစေရန် အထောက်အကူ ဖြစ်စေလိမ့်ဟုယုံကြည်ကြောင်း Mr.Kriengkrai  ကပြောကြားခဲ့ပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading