ပြည်ပသတင်းများ

၂၀၂၀ ခုနှစ်တွင် အော်ဂဲနစ် စိုက်ပျိုးရေးစားသောက်ကုန် တန်ချိန် (၂.၇၉) သန်း တင်သွင်းခဲ့ သည့် အီးယူ (ဘယ်လ်ဂျီယံ)

အီးယူ၏ အော်ဂဲနစ်စားသောက်ကုန်ဈေးကွက် တိုးတက်လာမှု နှင့်အတူ ၂၀၂၀ ခုနှစ် တွင် အီးယူသည် အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန် တန်ချိန် (၂.၇၉) သန်း တင်သွင်းခဲ့ ကြောင်းသိရသည်။ သို့သော် ၂၀၁၉ ခုနှစ်က ၎င်းကုန်စည်များကို တန်ချိန် (၂.၈၅) သန်းအထိ တင်သွင်းခဲ့သဖြင့် ၂၀၂၀ ခုနှစ်တွင် တင်သွင်းမှု (၁.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ဥရောပကော်မရှင်က ထုတ်ပြန်ခဲ့သည့် အော်ဂဲနစ် စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းမှုအချက်အလက်များအရ အဓိကတင်သွင်းခဲ့သည့် ကုန်စည်များမှာ အပူပိုင်းဒေသ ထွက်သစ်သီးဝလံများ (tropical fruits)၊ အခွံမာသီးများ (nuts) နှင့် ဟင်းခတ်အမွှေးအကြိုင် များဖြစ်ပြီး၊ တင်သွင်းမှု၏ (၃၀)ရာခိုင်နှုန်းရှိခဲ့ပါသည်။ Oilcakesများတင်သွင်းမှု (၈ ရာခိုင်နှုန်း)၊ မုံလာဥသကြားနှင့် ကြံသကြား (beet and cane sugar) တင်သွင်းမှု (၇ ရာခိုင်နှုန်း)နှင့် ဟင်းသီးဟင်းရွက်များ တင်သွင်းမှု (၅ ရာခိုင်နှုန်း) တို့ဖြစ်ကြပါသည်။

ဟင်းသီးဟင်းရွက်ဆီ၊ ဆီထွက်သီးနှံ၊ သကြား၊ နို့မှုန့်၊ ထောပတ်၊ ကော်ဖီစေ့နှင့် ကိုကိုး စသည်တို့အပါအဝင် အော်ဂဲနစ်စိုက်ပျိုးရေးထွက်ကုန်စည် (commodities) များကို တင်သွင်း မှုသည် ၂၀၂၀ ခုနှစ်တွင် ပမာဏအားဖြင့် (၄၈) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၂၉) ရာခိုင်နှုန်း ရှိခဲ့ပါသည်။ အသား၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့၊ ဒိန်ချဉ်၊ ပျားရည်စသည်တို့ အပါအဝင် primary products များတင်သွင်းမှုသည် ပမာဏအားဖြင့် (၄၂) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၅၃) ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ပျားရည်သည်အီးယူသို့ အဓိကတင်သွင်းသည့် တိရိစ္ဆာန်ထွက်ကုန်ဖြစ်ပြီး၊ ၂၀၂၀ခုနှစ် တွင် မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းမှု လျော့ကျခဲ့သဖြင့် (၇)ရာခိုင်နှုန်းခန့် တင်သွင်း မှုကျဆင်းခဲ့ပါသည်။ အီးယူသို့ ဘရာဇီးလ်နိုင်ငံမှ ပျားရည်တင်သွင်းမှု မြင့်တက်ခဲ့ပါသည်။

အီးယူ၌ အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းမှုတွင် နယ်သာလန် နိုင်ငံက (၃၁) ရာခိုင်နှုန်းဖြင့် အဓိကတင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။ ၎င်းကုန်စည်များကို အဓိကတင်သွင်းသည့် အခြားအီးယူနိုင်ငံများအဖြစ် ဂျာမနီ (၁၈ ရာခိုင်နှုန်း)၊ ဘယ်လ်ဂျီယံ (၁၁ ရာခိုင်နှုန်း)၊ ပြင်သစ် (၁၀ ရာခိုင်နှုန်း) တို့ဖြင့် အသီးသီးရပ်တည်နေပါသည်။ အီးယူ၏ အော်ဂဲနစ်စိုက်ပျိုးရေး စားသောက်ကုန်များအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ အီကွေဒေါ (၁၂ ရာခိုင်နှုန်း)၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၉ ရာခိုင်နှုန်း)၊ တရုတ် (၈ ရာခိုင်နှုန်း) နှင့် ယူကရိန်း (၈ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်  –   (https://www.agriland.ie/)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading