ပြည်ပသတင်းများ

ဩစတြေးလျ ဝိုင်ထုတ်လုပ်သူများ၏ အကျိုးစီးပွား ကာကွယ်ရန် WTO တွင် အရေးဆိုမည်

ဩစတြေးလျဝိုင်အပေါ် တရုတ်နိုင်ငံက တန်ပြန်စုပုံတင် သွင်းခွန်စည်းကြပ်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ WTO တွင် အရေးဆိုဆောင်ရွက်ခြင်းအားဖြင့် ဩစတြေးလျအစိုးရသည် မိမိနိုင်ငံရှိ ဝိုင်ထုတ်လုပ်သူများ၏အကျိုးစီးပွားကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ Minister for  Trade, Investment and Tourism နှင့် Minister for Agriculture, Drought and Emergency Management တို့၏ ၁၉-၆-၂၀၂၁ ရက်နေ့ ပူးတွဲ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဩစတြေးလျဝိုင်ထုတ်လုပ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးနောက် အစိုး ရသည်ယင်းကဲ့သို့ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို စတင်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်မှာ WTO အဖွဲ့ဝင်နိုင်ငံ အချင်းချင်း လေးစားသမှုနှင့် ဖြေရှင်းနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံက WTO တွင်၎င်းလုပ်ငန်းစဉ် ဆောင်ရွက်ရခြင်းမှာ  WTO ၏ စည်းမျဉ်းအခြေခံ ကုန်သွယ်သည့်စနစ်ကို ထောက်ခံမှုနှင့်လျော်ညီစွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သို့သော်လည်း တရုတ် နိုင်ငံနှင့်နှစ်နိုင်ငံဖြေရှင်းနိုင်ရန် လမ်းဖွင့်ထားပေးဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဩစတြေးလျအစိုးရကတရုတ်နိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသော ဩစတြေးလျဝိုင် ပြဿနာ နှင့်စပ်လျဉ်း၍ ဩစတြေးလျ ဝိုင်ထုတ်လုပ်သူများ၏ အပြုသဘောဆောင်သည့် ထိတွေ့ ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါ ကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် WTO ရှိ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို အသုံးပြု၍ ဝိုင် ထုတ်လုပ်သူများ၏ အကျိုးစီးပွားအတွက် အစိုးရက ဆက်လက်၍ အားသွန်ခွန်စိုက် ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

Loading