ပြည်ပသတင်းများ

အကောက်ခွန်နှုန်းလျှော့ချမှုက ဩစတြေးလျ လယ်ယာ ထွက်ကုန်များ ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန် အကူအညီဖြစ်

ထိုင်းနိုင်ငံနှင့်ချုပ်ဆိုထားသည့် ကုန်သွယ်မှုဆိုင်ရာ သဘောတူ စာချုပ်များ၏ အကောက်ခွန်နှုန်းလျှော့ချမှုများကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ထိုင်းနိုင်ငံသို့ ဩစတြေးလျ၏ အချို့သောလယ်ယာထွက်ကုန် တင်ပို့မှုများတိုးတက်လာကြောင်း သိရှိရပါ သည်။ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အဖြစ် ထိုင်း-ဩစတြေးလျ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်ကို ကတည်းက အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး၊ ဒေသ တွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ အနေဖြင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်ကို ချုပ်ဆိုအကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

ဩစတြေးလျထုတ်လုပ်သူနှင့် တင်ပို့သူများသည် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု သဘောတူစာချုပ်၏ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားအရ အကောက်ခွန်လျှော့ချမှု များကိုစိစစ်၍ မိမိတို့ကုန်စည်များ ထိုင်းဈေးကွက်ဝင်ရောက်မှုအတွက် အလားအလာများကို ခန့်မှန်းတွက်ချက်နိုင်ကြောင်း သိရှိရပါသည်။ Thailand-Australia Free Trade Agreement အရ မကြာသေးမီက လျှော့ချလိုက်သည့် အကောက်ခွန်နှုန်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

ကုန်စည်အမျိုးအစား Tariff Rate

2005

Tariff Rate

2021

ထောပတ် 30% 0%
ဒိန်ခဲ 30% 0%
အမဲသား 30-40% 0%
အစေ့အဆံများ 10% 0%
အာလူး 7%+ 0%
ပြောင်းဖူး 6.67%+ 0%
လဘက် 10% + 0%
ကော်ဖီ 10%+ 0%

ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားသော်ငြားလည်း ၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံ သို့ ဩစတြေးလျနိုင်ငံ၏ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းတင်ပို့ မှုမှာ အေဒေါ်လာ ၉၂ သန်း မြင့်တက်ခဲ့ပြီး၊ အမဲသားတင်ပို့မှုမှာ ၂၀၁၆ ခုနှစ်တွင် တင်ပို့မှု အေဒေါ်လာ ၅၆.၃ သန်း မှ ၂၀၂၀ ပြည့်နှစ်တွင် ၇၄.၃ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ကြောင်း သိရှိရပါသည်။ ဩစတြေးလျသည် ထိုင်းနိုင်ငံ၏အကြီးဆုံးသော အမဲသားတင်ပို့သူဖြစ်ပြီး၊ ဈေးကွက်ဝေစု ၄၇% ကိုရရှိထားသည့်နိုင်ငံဖြစ်ပါသည်။ ဩစတြေးလျမှ ထိုင်းနိုင်ငံသို့ ဒိန်ခဲ တင်ပို့မှုမှာ ၂၀၁၅ ခုနှစ် ကတည်းက တိုးတက်လျက်ရှိပြီး၊ တင်ပို့မှုတန်ဖိုး အေဒေါ်လာ ၁၆.၇ သန်းမှ ၂၀၂၀ ပြည့် နှစ်တွင် အေဒေါ်လာ ၃၁ သန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဩစတြေးလျ ထောပတ်မှာ တရုတ်နိုင်ငံပြီးပါက ထိုင်းနိုင်ငံက ဒုတိယအများဆုံး တင်သွင်းသူ ဖြစ်ပြီး၊ ထိုင်းနိုင်ငံသည် ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် အေဒေါ်လာ ၁၅.၈ သန်း တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

www.austrade.gov.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

၂၀၂၁ ခုနှစ်၊ ဇွန်လ   ၁၈    ရက်

Loading