ပြည်ပသတင်းများ

ကုန်သွယ်မှုပြုရာတွင် ရိုးရှင်းလွယ်ကူမှုရှိစေရန် လုပ်ငန်းအဖွဲ့ အသစ်တစ်ရပ်ဖွဲ့စည်း

ဩစတြေးလျအစိုးရသည် ကုန်စည်တင်ပို့သူများ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရေးနှင့် အချိန်ကုန်၊ ငွေကုန်သက်သာခြင်းများကို အထောက်အကူဖြစ်စေရန် လုပ်ထုံးလုပ်နည်း များဖြေလျော့ပေးခြင်းအပြင် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူရှိစေရန် ဆောင်ရွက် ပေးလျက်ရှိပါသည်။ အသစ်ဖွဲ့စည်းလိုက်သည့် “ရိုးရှင်းလွယ်ကူသည့် ကုန်သွယ်မှုစနစ် အကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့”သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစည်းမျဉ်း များကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး၊ ခေတ်မမှီတော့သည့် ICT စနစ်များကို ခေတ်မီအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဩစတြေးလျ ပို့ကုန်တင်ပို့သူ ၅၇,၀၀၀ ဦးနှင့် တင်သွင်းသူ ၃၈၀,၀၀၀ ဦးတို့ အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဩစတြေးလျ Minister for Trade, Tourism and Investment နှင့် Minister for Employment, Workforce, Skills, Small and Family Business တို့၏ (၁၈-၆-၂၀၂၁) ရက်နေ့ ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

Minister for Trade, Tourism and Investment က ၏ကြေညာချက်အရ လုပ်ငန်း အဖွဲ့ကို Digital Transformation Agency (DTA) ၏ CEO ဖြစ်သူ Mr. Randall Brugeaud က ၎င်း၏လက်ရှိ CEO ရာထူးကိုစွန့်လွှတ်၍ ၁-၇-၂၀၂၁ ရက်မှစတင်ကာ Taskforce ကို ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအစိုးရသည် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ ပိုမိုရိုးရှင်းလွယ်ကူသည့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ခြင်းတို့ကို အလေးထားလုပ်ဆောင်ခြင်းဖြင့် ဩစတြေးလျစီးပွားရေးလုပ်ငန်းများ ကြီးထွားတိုးတက်လာ ပြီး၊ အလုပ်အကိုင်ရရှိမှုများကို တိုးတက်လာစေကြောင်း သိရှိရပါသည်။ အစိုးရက ဩစတြေး လျ၏ စီးပွားရေး ကြံ့ကြံ့ခံရပ်တည်နိုင်မှု ပိုမိုခိုင်မာစေရေးအတွက် ရိုးရှင်းသော ကုန်သွယ်မှု စနစ်များသို့ ပြုပြင်ပြောင်းလဲရန် အေဒေါ်လာ ၃၇.၄ သန်းကို ထပ်မံကြေညာခဲ့ပါသည်။

ယခုအသစ်ဖွဲ့စည်းလိုက်သည့် Taskforce သည် Simplified Trade System Industry Advisory Council, the Deregulation Taskforce၊ အခြားကုန်သွယ်မှု အဖွဲ့အစည်းများ၊ နှင့် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကုန်သွယ်ရေး စနစ်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ပိုမိုတိုးတက် အောင် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

www.trademinister.gov.au

Loading