ပြည်ပသတင်းများ

စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လုပ်သားအင်အား အာမခံ ချက်ရှိစေရန် စိုက်ပျိုးမွေးမြူရေးဗီဇာ ထုတ်ပေးမည်

ဩစတြေးလျ စိုက်ပျိုးမွေးမြူသူများက လတ်တလောနှင့် အနာဂတ်အတွက် လိုအပ် လျက်ရှိသော လုပ်သားအင်အားကို အာမခံချက်ရှိစေရန် ရည်ရွယ်၍ အစိုးရက စိုက်ပျိုးမွေးမြူ ရေးဗီဇာများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဩစတြေးလျ Agriculture, Drought and Emergency Management ဝန်ကြီးဖြစ်သူ David Littleproud က “ရာသီအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်သား ဗီဇာအသစ်”ကို ကြေညာလိုက်ခြင်းမှာ စိုက်ပျိုး မွေးမြူရေးကဏ္ဍ အတွက်လုံခြုံစိတ်ချရသည့် လုပ်သားအင်အားအတွက်များစွာ စိတ်သက်သာ ရစေကြောင်း ပြောကြားထားပါသည်။ ယူကေနှင့် FTA စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့် အပေးအယူအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လာရောက်လုပ်ကိုင်မည့် ယူကေ နိုင်ငံသား တစ်ကိုယ်ရေခရီးသွားများသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်ရ သောအချိန်ကာလ ပြည့်မီရန်အတွက် မလိုအပ်တော့ကြောင်း ဝန်ကြီးက ပြောကြားထားပါသည်။

အာဆီယံနှင့် နှစ်လရှည်များစွာ နီးကပ်သော စီးပွားရေးဆက်ဆံမှုများကြောင့် အဆို ပါဗီဇာကို အာဆီယံ (၁၀) နိုင်ငံ အတွက်ပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရာသီအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်သား ဗီဇာအသစ်သည် လက်ရှိ “ရာသီအလိုက် အလုပ် သမား အစီအစဉ်” ကိုထင်ဟပ်စေမည့်အပြင် ဩစတြေးလျ လယ်ယာမြေများတွင် အလုပ်လုပ် ကိုင်မည့် လုပ်သားစုကိုပါ ရရှိစေမည်ဖြစ်ပါသည်။ “ပစိဖိတ်လုပ်သားအစီအစဉ်များ” မှာ ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အဓိကအရေးပါသော ကဏ္ဍမှ ဆက်လက်ပါဝင် နေမည်ဖြစ်ပြီး၊ အဆိုပါ အစီအစဉ်များ အောင်မြင်မှုအပေါ် အခြေခံ၍ ယခုဗီဇာအစီအစဉ် အသစ်ကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ “ရာသီအလိုက် အလုပ်သမား အစီအစဉ်” ကဲ့သို့ပင် ဗီဇာအစီအစဉ်အသစ်သည် ဗီဇာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း မပြုလုပ်ရဘဲ လုပ်သားများအတွက် အကာအကွယ်ပေးမှုကို သေချာမှုရှိစေ ပါသည်။ လစာနှင့်အခြေအနေများ၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့်လုံခြုံမှုတို့သည် ရာသီ အလိုက် အလုပ်သမားအစီအစဉ်အောက်ရှိ လိုအပ်ချက်များနှင့် အကာအကွယ်ပေးမှုတို့နှင့် တူညီမှုနီးပါးရှိကြောင်း သိရှိရပါသည်။

ယခု ဗီဇာအစီအစဉ်အသစ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အရည်အသွေးမြင့် အစား အသောက်များနှင့် ချည်မျှင်များ တင်ပို့မှု ကြီးထွားတိုးတက်လာခြင်းနှင့်အတူ ဩစတြေးလျ စိုက်ပျိုးမွေးမြူသူများအနေဖြင့် လိုအပ်သော လုပ်သားထုကို ရရှိနိုင်မည်ဖြစ်ပြီး၊ အစိုးရက ယခု နှစ်မကုန်မီ စတင်ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံသည် ကိုဗစ်ကာလအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှုများ ကိုကန့်သတ်တားမြစ်ထားခဲ့ရာ ရာသီအလိုက် အသီးအနှံများခူးဆွတ်ချိန်တွင် လုပ်သားအင်အား ပြတ်လပ်မှုများကြောင့် ထုတ်လုပ်မှုပိုင်းတွင် အခက်အခဲများ  ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။

www.minister.awe.gov.au

Loading