ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ ဝက်ဈေးကွက်အချို့တွင် ၂၀ ရာခိုင်နှုန်း အထိ ဈေးနှုန်းများမြင့်တက်

တရုတ်နိုင်ငံတွင် ဝက်သားစားသုံးမှုများ ပုံမှန်ပြန်ဖြစ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ကုန်နှင့် ဇွန်လဆန်းရက်များတွင်  ဝက်သားဈေးကွက်၌ ဈေးနှုန်းများစံချိန်တင်မြင့်တက်ခဲ့ ကြောင်း၊ Advanced Studies in Applied Economics (CEPEA) ဌာန၏ သုတေသန ပြုချက်များအရ ပြည်တွင်း ဝက်အရှင်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ အချို့ ဈေးကွက်များတွင် ၇ ရက်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ဝက်သားကို ပြည်ပသို့တင်ပို့ခြင်း ပြင် ကြက်သားနှင့်အမဲသားအစား အစားထိုးစားသုံးလာ ကြသဖြင့်  ဝက်သားအဓိကထုတ်လုပ်လျက်ရှိသည့် Greater São Paulo ပြည်နယ်တွင်ပါ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း  Advanced Studies in Applied Economics (CEPEA)ဌာန၏ သတင်းတွင်ဖော်ပြခဲ့သည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading