ပြည်ပသတင်းများ

အမေရိကန်စတော့ဈေးကွက်တွင် ပြောင်းစေ့ရောင်းဝယ်မှု ၉၁ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်

သီးနှံများရာသီချိန်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့အထိဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လဒုတိယအပတ်တွင် ပြောင်းတန်ချိန် ၁၈,၀၀၀ အထိ တင်ပို့ခဲ့ကြောင်း၊ အဆိုပါတင်ပို့မှုသည် ယခင်ရက်သတ္တပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၉၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် သွင်းကုန် ပြောင်းတန်ချိန် ၆၉,၀၀၀ ဖြင့် အများဆုံးဝယ်ယူ တင်သွင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ခုနှစ် လက်ရှိကာလအထိ ပြောင်းတန်ချိန် ၂၇၆,၁၀၀ တင်ပို့ထားကြောင်း၊ နှစ်ကုန်ဆုံးချိန်တွင် ပြောင်းတန်ချိန်  ၂၇၅,၀၀၀ မှ ၇၀၀,၀၀၀ အထိ တင်သွင်းနိုင်ရန် မျှော်မှန်း ထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA) ၏ သတင်းတွင်ဖော်ပြထားသည်။

  • ဇွန်လဒုတိယပတ်တွင် ပြည်ပသို့ ဂျုံတင်ပို့မှု တန်ချိန် ၂၈၇,၀၀၀ အထိရောက်ရှိ

၂၀၂၁ ခုနှစ်၊ ဇွန်လဒုတိယပတ်တွင် ဂျုံတန်ချိန် ၂၈၇,၁၀၀ အား တင်ပို့ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ ဂျုံတန်ချိန် ၉၅,၁၀၀ တင်ပို့ထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ကုန်ဆုံးချိန်တွင် ဂျုံတန်ချိန် ၂၀၀,၀၀၀ မှ ၄၇၅,၀၀၀ အထိတင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (USDA)၏ သတင်းတွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading