ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ အမဲသားပို့ကုန်များအပေါ် တရုတ် ဝယ်လိုအား လျှော့ကျ

၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဘရာဇီးလ်နိုင်ငံ၏ အမဲသား ပို့ကုန်များအပေါ်တွင် တရုတ် နိုင်ငံ၏ ဝယ်လိုအားလျှော့ကျခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလမှ ၂၀၂၁ ခုနှစ်၊ မေလအထိ ကာလတွင် အာရှနိုင်ငံများသို့ အမဲသားတင်ပို့မှုသည် ၂၀ ရာခိုင်နှုန်းနီးပါး လျှော့ကျခဲ့ကြောင်း  competencies of the Secretariat of Foreign Trade – SECEX ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏ အမဲသားပို့ကုန်များအား တရုတ်နိုင်ငံ၏ဝယ်လိုအား လျှော့နည်း လာခြင်းအပေါ် အမဲသားထုတ်လုပ်တင်ပို့သူများအကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိကြောင်း CEPEA ဌာနမှ သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် အာဖရိကကြက်တုတ်ကွေးရောဂါဖြစ်ပွားချိန်မှ စတင်၍ ဝက်သား စား သုံးမှုများလျှော့ကျခဲ့ရာ ယခုအချိန်တွင် ပုံမှန်စားသုံးမှုနှုန်းသို့ ပြန်လည်ရောက်ရှိလာ ကြောင်း၊ တရုတ်နိုင်ငံတွင် ဝက်သားကိုအဓိကစားသုံးကြသဖြင့် နိုင်ငံတကာဈေးကွက်မှ အမဲသားဝယ်ယူတင်သွင်းမှုများ လျှော့ကျလာလျက်ရှိနေကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ ထို့အပြင် သားသတ်ရုံများတွင် အသုံးပြုသည့်နွားအရေအတွက် လျှော့ကျ လျက်ရှိသည့်အပြင် ပြည်ပတင်ပို့မှု မြင့်မားလျက်ရှိနေသဖြင့် ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်း အမဲသားဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading