ပြည်ပသတင်းများ

အနောက်ပိုင်း ဩစတြေးလျတွင် ကာနိုလာဆီထွက်သီးနှံ အထွက်တိုး

စိုက်ပျိုးမှု စံချိန်တင်ခြင်း၊ မိုးဦးကျစောခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံရှားပါးမှု တို့သည် အနောက်ဩစတြေးလျ လယ်သမားများကို အေဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကာနိုလာ ဆီထွက်သီးနှံရိတ်သိမ်းမှုကိုဖြစ်ပေါ်စေကြောင်း သိရှိရပါသည်။ ဩစတြေးလျတစ်ခွင်ရှိ စိုက်ပျိုးသူ များသည် ကာနိုလာဆီထွက်သီးနှံကို ဧကပေါင်း ၂.၉ သန်းနီးပါး စိုက်ပျိုးရန် ခန့်မှန်းထားပြီး၊ ၎င်းထက်ဝက်ကျော်မှာ ဩစတြေးလျ အနောက်ပိုင်းတွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ ကာနိုလာ ဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ မိုးရွာသွန်းမှုများပြားသည့်အတွက် အနောက်ပိုင်းလယ်သမား များသည်ကာနိုလာ စိုက်ခင်းဧရိယာများကို ဧက ၁.၅ သန်းအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ပါ သည်။ အနောက်ပိုင်းဩစတြေးလျရှိ ကောက်ပဲသီးနှံထုတ်လုပ်မှုအသင်း၏ အစီရင်ခံစာအရ ကာနို လာရိတ်သိမ်းမှုမှာ အေဒေါ်လာ ၂ ဘီလီယံတန်ဖိုးအထိရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

၂၀၀၆-၂၀၀၇ ခုနှစ်က ကာနိုလာတစ်တန်လျှင် ဈေးနှုန်းအေဒေါ်လာ ၆၆၇ ရှိခဲ့သော်လည်း ယနေ့တွင် အေဒေါ်လာ ၈၅၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံများဖြစ်သည့်ပဲပုတ်(Soy Bean) နှင့်ကာနိုလာ(Carnola) တို့ကို တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာမှုနှင့် ဥရောပနှင့်ကနေဒါတို့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုဒေသ များတွင် ပုံမှန်အခြေအနေထက် ရာသီဥတု ပိုမိုခြောက်သွေ့ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက် လာ ခြင်းဖြစ်ပါသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သော ဆီ ထွက်သီးနှံဆိုင်ရာ ကမ္ဘာ့ဈေးကွက်နှင့် ကုန်သွယ်မှုအစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံ ကုန်သွယ်မှုသည် ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး၊ တရုတ်နိုင်ငံ၏ ဝယ်လိုအားက ပိုမိုမြင့်တက်လာနိုင်ကာ ပမာဏအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ပဲပုတ်တင်သွင်းမှု၏ ၆၀ % အထိ ခန့် မှန်းထားပါသည်။

ကနေဒါနိုင်ငံ၏ ကာနိုလာကောက်ပဲသီးနှံ တန်ချိန် ၂၀ သန်းထွက်ရှိမှုနှင့် နှိုင်းယှဉ်ပါက ဩစတြေးလျထုတ်လုပ်မှုမှာ သေးငယ်ပြီး၊ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တန်ချိန် ၃ သန်းသာ ထုတ်လုပ်နိုင်သော်လည်း အီးယူ၊ ဂျပန်၊ ပါကစ္စတန်၊ တရုတ်နှင့် ယူအေအီးနိုင်ငံတို့တွင် တန်ဖိုးရှိ သော ပို့ကုန်ဈေးကွက်များကို ထူထောင်နိုင်သည့် အနေအထားဖြစ်ပါသည်။

ဩစတြေးလျဆီထွက်သီးနှံအဖွဲ့ချုပ်နှင့် ကောက်ပဲသီးနှံထုတ်လုပ်မှုအသင်းက ကာနိုလာ မျိုးစေ့ရှားပါးလာမှုနှင့်အတူ မျိုးစပ်၊ မျိုးကွဲများစိုက်ပျိုးရန် အလားအလာရှိသော စိုက်ပျိုးမြေ ဧရိယာများကို ကန့်သတ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားထားပါသည်။ အနောက်ပိုင်း ဩစတြေးလျ၏ မြောက်ဖက်ပိုင်းတွင်မူ မိုးရေလိုအပ်ချက်ကြောင့် ရိတ်သိမ်းမှုအခြေအနေမှာ အသင့်အတင့်မျှသာဖြစ်သည်ကို သိရှိရပါသည်။ ခြောက်သွေ့သော ဆောင်းရာသီ (သို့) နှင်းခါး ရိုက် ခြင်းတို့မှာလည်း ကောက်ပဲသီးနှဲအထွက်တိုးမှု အလားအလာကောင်းကို လျှော့ကျစေနိုင်ကြောင်း သိရှိရပါသည်။

Loading