ပြည်ပသတင်းများ

ယခုနှစ်ဇွန်လတွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့ဝယ်လိုအား သိသိသာသာ မြင့်တက်နိုင်

၂၀၂၁ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့ဝယ်ယူ တင်သွင်းမှုပမာဏသည် သိသိ သာသာမြင့်တက်နိုင်ကြောင်း ဂျာမဏီဘဏ်များအနက်တစ်ခုဖြစ်သည့် Commerzbank ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် မေလတွင် အရှေ့တောင်အာရှနိုင်ငံများ၏ ဆီထွက် သီးနှံဝယ်ယူတင်သွင်းမှုသည် စုစုပေါင်းတန်ချိန် ၉.၆၁ သန်းရှိခဲ့ပြီး ၅ နှစ်တာကာလအတွင်း ၂.၅ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်လျက်ရှိကြောင်း တရုတ်နိုင်ငံအကောက်အခွန်ဌာန(China’s Customs Department – Gacc)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံမှန်အခြေအနေများတွင် မေလနှင့်ဇွန်လများသည် တရုတ်နိုင်ငံသို့ ဘရာဇီးလ်ပဲပုတ်စေ့များ အများဆုံးဝယ်ယူတင်သွင်းသည့် ကာလများဖြစ်ကြောင်း Commerzbank ဘဏ်၏ လယ်ယာ ထွက်ကုန်သီးနှံ သုတေသနပညာရှင် Michaela Kühl က ပြောကြားခဲ့သည်။

ယခုနှစ်မေလတွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့ဝယ်ယူတင်သွင်းခဲ့သည့်ပမာဏသည် ဧပြီလ ကတင်သွင်းခဲ့သည့် ပမာဏထက် ၂၉ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း၊ ဧပြီလတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဘရာဇီးလ်နိုင်ငံ၏ သီးနှံရိတ်သိမ်းမှုများ နောက်ကျခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်ပသို့တင်ပို့ရန် သင်္ဘောတင်ပြီးစီးမှုများတွင် ပါဆက်လက်နောက်ကျခဲ့ရပြီး ဧပြီလတွင် ဘရာဇီးလ် နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့နိုင်မှုများ လျှော့ကျခဲ့ကြောင်း၊ သို့ရာတွင် မေလအတွင်း ပဲပုတ်စေ့များ တိုးမြှင့် တင်ပို့နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံဆိပ်ကမ်းတွင် ဘရာဇီးလ်ပဲပုတ်စေ့ကွန်တိန်နာ များစုပြုံ ရောက်ရှိနေပြီး အကောက်ခွန်ရှင်လင်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သုတေသနပညာရှင် Michaela က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၏ ပဲပုတ်စေ့ဝယ်ယူတင်သွင်းမှုသည် ယခင်နှစ် ကာလတူထက် ၁၂.၈ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၃၈.၂၃ သန်း တင်သွင်းခဲ့ ကြောင်း၊ တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အာဖရိကကြက်တုတ်ကွေးရောဂါကြောင့် ဘရာဇီးလ် နိုင်ငံမှ ဝက်သားတင်သွင်းမှုများ လျှော့ကျခဲ့သော်လည်း ပဲပုတ်စေ့များတိုးမြှင့်တင်ပို့နှိုင်ခဲ့ကြောင်း Michaela က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပုံမှန်ဝယ်လိုအားအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးသည့် ကာလတွင် ဝက်သားတင်သွင်းမှုများသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃.၃ ရာခိုင်နှုန်း အထိ လျှော့ကျခဲ့သော်လည်း အမဲသားတင်သွင်းမှုတွင် ၁၂ ရာခိုင်နှုန်းအထိ ပိုမိုတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံအကောက်အခွန်ဌာနက ထုတ်ပြန်သည့် သတင်းအချက်အလက်များတွင် ဖော်ပြထား သည်။ အဆိုပါကာလတွင် တရုတ်နိုင်ငံပြည်တွင်းတွင် ဝက်သားဝယ်ယူစားသုံးမှုနှုန်း သိသိသာသာ ကျဆင်းခဲ့သဖြင့် ပြည်ပမှတင်သွင်းမှုများ လျှော့ကျခဲ့သည့်အပြင် ပြည်တွင်းဝက်သား ဈေးနှုန်းများ မှာလည်း နှစ်ဆန်းပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ပုံမှန်ပေါက်ဈေးအောက် ထက်ဝက်အထိကျဆင်းခဲ့ ကြောင်း Michaela က ပြောကြားခဲ့သည်။

                 ဇွန်လပထမပတ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုများ များပြားခဲ့ပြီး အစောပိုင်း ရုံးဖွင့်ရက် ၃ ရက်တာကာလအတွင်း စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၂.၄ သန်းအထိ တင်ပို့ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြခဲ့သည်။

                 မေလနှင့်ဇွန်လတွင် ပဲပုတ်စေ့သင်္ဘောတင်ပြီးစီးမှုပမာဏ စံချိန်တင်မြင့်တက်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပြီး ဇွန်လအစောပိုင်းရက်များတွင် ဆီထွက်သီးနှံရောင်းချခဲ့သည့် ပမာဏမှာ သိသိသာသာမြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၈၂၄,၇၀၀ ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဆီထွက်သီးနှံစုစုပေါင်းတန်ချိန် ၈၆ သန်းအထိတင်ပို့နိုင်ရန် မျှော်မှန်းလုပ်ဆောင်လျက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading