ပြည်ပသတင်းများ

ဒေါ်လာငွေတန်ဖိုးများ ကျဆင်းလျက်ရှိသော်လည်း ဘရာဇီးလ် ပဲပုတ်စေ့များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နှိုင်စွမ်းရှိနေ

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၈၆ သန်းအထိ ရောက်ရှိနိုင်ရန် မျှော်မှန်းထားပြီး ၂၀၂၀ ခုနှစ်ကတင်ပို့မှုထက် တန်ချိန် ၃ သန်းခန့်ပိုမိုတင်ပို့နှိုင်ရန် ခန့်မှန်းလျက် ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးကုမ္ပဏီ Safras & Mercado က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဝယ်ယူတင်သွင်းမှုမြင့်တက်နေခြင်းနှင့် ပုံမှန်အခြေအနေမဟုတ်သည့် အမေရိကန် နိုင်ငံသို့ တင်သွင်းမှုများကြောင့် ဘရာဇီးလ်နိုင်ငံ၏ဆီထွက်သီးနှံပို့မှုသည် မေလတွင် အမြင့်ဆုံး အခြေအနေသို့ရောက်ရှိခဲ့သည်။

ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုတွင်ရရှိခဲ့သည့် ဆုတံဆိပ်ကြောင့် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ် စေ့များအား အမေရိကန်နိုင်ငံက ဝယ်ယူတင်သွင်းရန် ပိုမိုစိတ်ဝင်စားခဲ့ကြောင်း ကုမ္ပဏီ၏ စီးပွား ရေးအကြံပေး Luiz Fernando Guitierrez က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ပဲပုတ် စေ့စိုက်ပျိုးရာသီတွင် ဖြစ်ပေါ်ခဲ့သည်ရာသီဥတုနှင့် သိုလှောင်ထိမ်းသိမ်းမှု အခက်အခဲများကြောင့် အရည်အသွေးလျှော့ကျခြင်းနှင့် အထွက်နှုန်းလျှော့ကျမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာ ဈေးကွက် တွင် ဘရာဇီးလ်နိုင်ငံမှပဲပုတ်စေ့များ ဈေးကွက်နေရာပိုမိုရရှိခဲ့ကြောင်း Guitierrez က ပြောကြား ခဲ့သည်။

ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက်တွင် ဘရာဇီးလ်ပဲပုတ်စေ့များအား တရုတ်နိုင်ငံက အများဆုံး ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် လက်ရှိကာလအထိ အရှေ့တောင်အာရှနိုင်ငံများသို့ ဘရာဇီးလ်ပဲပုတ်စေ့တန်ချိန် ၃၄ သန်းအား တင်ပို့ထားပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပဲပုတ်စေ့တန်ချိန် ၃၃ သန်းအား တင်ပို့ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပဲပုတ်စေ့ဝယ်လိုအားမှာလည်း တိုးတက်လျက်ရှိနေကြောင်း၊ ဒေါ်လာငွေကြေးတန်ဖိုးကျဆင်းလျက်ရှိသော်လည်း ကမ္ဘာ့ပဲပုတ်စေ့ ဈေးကွက်တွင် ဘရာဇီးလ်ပဲပုတ်စေ့များမှာ ဈေးကွက်နေရာပိုမိုရရှိကာ အကျိုးအမြတ်များရရှိ လျက်ရှိကြောင်း Gutierrez က ပြောကြားခဲ့သည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ ဇွန်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်မည့် သတင်းတွင် ပဲပုတ်စေ့စိုက်ပျိုးထွက်ရှိမှုအခြေအနေများ ပါရှိမည်ဖြစ်ပြီး သီးနှံဈေးကွက်အပေါ် များစွာအကျိုး သက်ရောက်မှုရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ သီးနှံထွက်ရှိနိုင်မည့် အလားအလာနှင့်ပတ်သက်၍ စက်တင်ဘာလမတိုင်မီအချိန်အထိ ရာသီဥတုအခြေအနေအပေါ် အလေးထားစောင့်ကြည့်သွားရ မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ သီးနှံစိုက်ပျိုးဧရိယာများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ဇွန်လ ၃၀ ရက်နေ့တွင်ထုတ်ပြန်မည့် USDA ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိမည်ဖြစ်ကြောင်း Gutierrez က ပြောကြားခဲ့သည်။

လာမည့်သီးနှံဈေးကွက်အခြေအနေသည် အမေရိကန်နိုင်ငံ၏ သီးနှံစိုက်ပျိုးဧရိယာနှင့် သီးနှံစိုက်ပျိုးချိန်တွင်တွေ့ကြုံရမည့် ရာသီဥတုအခြေအနေအပေါ်တွင် များစွာမူတည်လျက်ရှိကြောင်း Gutierrez ပြောကြားခဲ့သည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading