ပြည်တွင်းသတင်းများ

ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)နှင့် တိုးတက်မှုနှုန်း (Growth Rate) တွက်ချက်ခြင်း ဆိုင်ရာ သင်တန်း အခမ်းအနား(၇-၆-၂၀၂၁)

ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)နှင့် တိုးတက်မှုနှုန်း  (Growth Rate) တွက်ချက်ခြင်း ဆိုင်ရာ သင်တန်းအား ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၁၅) စုဝေးခန်းမဆောင်တွင် ကျင်းပခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ပညာရှင်များအား ဖိတ်ခေါ်၍ သင်တန်းပို့ချခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားအား အဆိုပါနေ့ရက် နံနက် ၁၀ ၀၀ နာရီတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းနှင့် စပ်လျဉ်းသည့် ကိစ္စများ အားလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ချုပ်မှ သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်း အား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စီမံကိန်း ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၄၈)ဦးပါဝင် တက် ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အနေဖြင့် ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ် များမှ စီမံကိန်းဆိုင်ရာကိစ္စများ ဆောင်ရွက်လျက်ရှိသည့် တာဝန်ခံအရာရှိများ/အမှုထမ်းများအတွက် စီမံကိန်း ရေးဆွဲရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး အခြေအနေနှင့် နောင်ဖြစ်ပေါ်လာမည့် စီးပွားရေး အခြေအနေကို ဆန်းစစ်သုံးသပ်နိုင် ရန်နှင့် စီးပွားရေး ဆိုင်ရာ စာရင်းများ စုစည်းရယူလျက် နည်းအမျိုးမျိုးဖြင့် စိစစ်သုံးသပ်မှု ပြုလုပ်နိုင်ရန် ဖြစ်ပါသည်။

Loading