ပြည်ပသတင်းများ

သြစတြေးလျနိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ပို့ကုန်တင်ပို့မှု ၃၆ ဘီလီယံဖြင့် သမိုင်းဝင်မြင့်တက်

သြစတြေးလျစာရင်းအင်းဗျူရို၏ ၂၅-၅-၂၀၂၁ ရက်နေ့ ထုတ် ပြန်လိုက်သော ကနဦးစာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ကုန်စည်ကုန်သွယ်မှုစာရင်းများအရ ကုန်သွယ်မှုပိုငွေ အေဒေါ်လာ ၁၀.၁ ဘီလီယံရရှိခဲ့ကြောင်းနှင့် တတိယအမြင့်ဆုံးတန်ဖိုးဖြစ်ကြောင်း သိရှိရပါသည်။ ဧပြီလအတွင်း ပို့ကုန်မှာ အေဒေါ်လာ ၁၂.၆ သန်း မြင့်တက်ခဲ့ပြီး၊ သွင်းကုန်မှာမူ အေဒေါ်လာ ၁.၉ ဘီလီယံကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

တင်ပို့မှုတွင် ကျောက်မီးသွေး၊ ရေနံ၊ သတ္တုရိုင်းများ၊ ဆေးဝါးနှင့် ဈေးဝါးဆိုင်ရာ ထုတ် ကုန်များကို တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ ရွှေနှင့် ဆီထွက်သီးနှံတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်းတွေ့ရှိရ ပါသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း သတ္တုရိုင်းတင်ပို့မှုမှာ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့ သည့်အတွက် ယခုကဲ့သို့ ပို့ကုန်တန်ဖိုးစုစုပေါင်း ၃၆ ဘီလီယံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက သတ္တုရိုင်းတင်ပို့မှုအားကောင်းလျက်ရှိပြီး၊ ဧပြီလတွင်း ၁% ပိုမိုတိုးမြှင့် တင်ပို့နိုင်ခဲ့ရာ သမိုင်းဝင်အမြင့်ဆုံးတင်ပို့မှုအဖြစ် သတ္တုရိုင်းတင်ပို့မှုစုစုပေါင်း အေဒေါ်လာ ၁၆.၅ ဘီလီယံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ကျောက်မီးသွေးတင်ပို့မှုတိုးတက်လာရခြင်းမှာ ကျောက်မီးသွေး (Thermal Coal) ကို စုစုပေါင်းအေဒေါ်လာ ၂၀၃ သန်း တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံသို့ အေဒေါ်လာ ၁၁၆ သန်းတိုး မြှင့်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံမှ သြစတြေးလျကျောက်မီးသွေး ဝယ်လိုအားသိသာ စွာ ကျဆင်းခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ အိန္ဒိယသို့ သြစတြေးလျ ကျောက်မီးသွေးတင်ပို့မှုမှာ တစ်ဖြည်းဖြည်း မြင့်တက်ခဲ့ပါသည်။

သြစတြေးလျနိုင်ငံ၏ ဧပြီလအတွင်း တင်သွင်းမှုကျဆင်းရခြင်းမှာ ရွှေတင်သွင်းမှု အေ ဒေါ်လာ ၄၅၅ သန်း ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ပြီးခဲ့သည့်မတ်လနှင့် နှိုင်းယှဉ်ပါက ၄၆ % ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အခြားတင်သွင်းမှုကျဆင်းသည့် ကုန်စည်များမှ လျှပ်စစ်ယာဉ် ကန္တရားနှင့် အဝတ်အထည်တို့ဖြစ်ကြောင်း သိရှိရပါသည်။

Source: https:// www.aa.com.tr/en/world ; Https: // www,abs.gov.au/

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

Loading