ပြည်ပသတင်းများ

G 20 နိုင်ငံများ၏ ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု ပထမသုံးလပတ် အတွင်း စံချိန်တင်မြင့်တက်

လတ်တလော ထုတ်ပြန်လိုက်သည့် OECD အစီရင်ခံစာအရ G20 နိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုမှာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန် တွင် ၈% နှင့် သွင်းကုန်တွင် ၈.၁% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန် ဒေါ်လာ ဈေးကျဆင်းခြင်းနှင့်အတူ သက်ဆိုင်ရာကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ယူကေ နိုင်ငံမှအပ အခြား G20 နိုင်ငံများ၏စီးပွားရေးမှာ တိုးတက်လာသည်ကိုတွေ့ရှိရပါသည်။ G20 နိုင်ငံ များအနက် လယ်ယာထွက်ကုန်နှင့် သတ္တုတွင်းထွက်များ အဓိကတင်ပို့လျက်ရှိသော အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီးလ်နှင့် တောင်အာဖရိကနိုင်ငံတို့မှာ ကုန်စည်ဈေးနှုန်းများမြင့်တက်မှုကြောင့် ကုန်သွယ်မှု တန်ဖိုးတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပထမသုံးလပတ်အတွင်း လယ်ယာ ထွက်ကုန် ကုန်စည်များအနက် နှံစားသီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီတို့၏ ဈေးနှုန်းများ ၁၀ % မြင့် တက်ခဲ့သော်လည်း သတ္တုများ၏ ဈေးနှုန်းများမှာမှု ၂၀၁၁ ခုနှစ်ရှိ ဈေးနှုန်းအဆင့်နှင့် နီးကပ်လျက် ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် ရေနံစိမ်းဈေးနှုန်းမှာ ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ၃၅ % မြင့်တက် ခဲ့ခြင်းကြောင့် ကနေဒါနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၁၀.၈ %၊ ရုရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၁၃.၁% နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ၁၂.၄% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ G20 နိုင်ငံအများစုမှာ စွမ်းအင်ကုန်စည်များကို အဓိကထားတင်သွင်းလျက်ရှိခြင်းကြောင့် ၄င်းကာလတူ အတွင်း တင်သွင်းမှုတန်ဖိုးများမှာလည်း မြင့်တက်ခဲ့ရခြင်းဖြစ်ပါသည်။

OECD က ကူးစက်ရောဂါသည်လျှပ်စစ်ဝယ်လိုအားကို တိုးမြင့်ပေးသကဲ့သို့ဖြစ်ပြီး၊ Seminconductor နှင့် Integrated Circuit ဝယ်လိုအားမှာ တစ်ရှိန်ထိုးမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံ၏ ကုန်စည်ကုန်သွယ်ရေးတိုးတက်မှုတွင် Semiconductor ကုန်သွယ်မှုကလည်း တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ရာ ပို့ကုန်တွင် ၅.၇% နှင့် သွင်းကုန်တွင်း ၅.၃% အသီးသီးမြင့်တက်ခဲ့ကြောင်းနှင့် Chip ပြန်လတ်မှုမှာ မော်တော်ယာဉ်ထောက်ပံ့မှုကွင်း ဆက်အပေါ် ထိခိုက်မှုရှိကြောင်း သိရှိရပါသည်။

G20 နိုင်ငံများ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ပို့ကုန်တင်ပို့မှုတွင် ၁၈.၉ % နှင့် သွင်းကုန်တင်သွင်းမှုတွင် ၁၉ % အသီး သီးမြင့်တက်ခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုတွင် သတ္တုနှင့် သတ္တုရိုင်း၊ နှံစားသီးနှံနှင့် Integrated Circuit တို့ကို တိုးမြှင့်တင်သွင်းခဲ့ပြီး၊ ပို့ကုန်တင်ပို့မှုတွင် Integrated Circuit များ အပါအဝင် လျှပ်စစ်ပစ္စည်းများ၊ ယာဉ်ယန္တရားနှင့် အထည်အလိပ်တို့ကို တိုးမြင့်တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

Loading