ပြည်ပသတင်းများ

Econ Thai အနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာမည် ကို စိုးရိမ်နေခြင်း

ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းအလုပ်ရှင် များအဖွဲ့ချုပ် The Emploers’ Confederation of Thai Trade and Industry (Econ Thai) အနေဖြင့် ထိုင်းနိုင်ငံ တွင်Covid-19ကပ်ရောဂါစတင်ဖြစ်ပွားကတည်းကထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ဉီးရေ(၄.၃)သန်း သို့ရောက်ရှိခဲ့ပြီးနောက် အဆိုပါအလုပ်လက်မဲ့နှုန်းက လူအများ၏ဝယ်ယူနိုင်စွမ်း (Purchasing Power)အပေါ်သက်ရောက်လာမည်ကိုစိုးရိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

အလုပ်လက်မဲ့ဉီးရေဆိုသည်မှာ အလုပ်လုပ်ချိန်(၀-၂၀)နာရီအတွင်း အလုပ်လုပ်သော အလုပ်သမားကို ဆိုလိုခြင်းဖြစ်ပါသည်။ အလုပ်သမားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ ၄င်းတို့သည် အလုပ်မရှိကြကြောင်း၊ အဆိုပါအလုပ်လက်မဲ့ဉီးရေကို စီးပွားရေးအခြေအနေကိုအကဲ ဖြတ်တိုင်းတာရာတွင် ထည့်သွင်းတိုင်းတာအသုံးပြုလေ့ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် ဒီဇင် ဘာလတွင် အလုပ်လက်မဲ့ဉီးရေ (၂.၃) သန်းမှနေ၍ ယခုနှစ်မတ်လတွင် (၄.၃) သန်းသို့ အလုပ် လက်မဲ့ဉီးရေလျှင်မြန်စွာ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအဖွဲ့အနေဖြင့် ဇွန်လနှင့်ဇူလိုင်လများအတွင်း တိုးပွားလာမည်ဟုမျှော်လင့်ရ သောကိန်းဂဏန်းများကို အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အလုပ် လက်မဲ့ ဉီးရေ (၄.၃) သန်းမှာ ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ကူးစက်ပျံ့နှံ့မှုပထမ(၂) ကြိမ်အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Econ Thai ၏ဒုတိယဉက္ကဌ Tanit Sorat ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလတွင်ဖြစ်ပွားခဲ့သော Covid-19 တတိယလှိုင်းသည် အဆိုပါအလုပ်လက်မဲ့ ကိန်း ဂဏန်းကိုတိုးပွားစေလိမ့်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။ အဆိုပါ အလုပ်လက်မဲ့ဉီးရေများ သည် ကြီးမားသော လုပ်သားအုပ်စုကြီးဖြစ်ပြီး စီးပွားရေးကို ရှေ့သို့တွန်းပို့ရာတွင် အဓိကကျ သောအခန်းမှ ပါဝင်နေကြောင်း Mr. Tanit ကပြောကြားခဲ့ပါသည်။

Econ Thai၏ အဆိုအရ ကပ်ရောဂါသည် ထိုင်းအလုပ်သမားများ၏ ဖွဲ့စည်းပုံ (Structure)ကိုပြောင်းလဲစေခဲ့ကြောင်း၊ ခန့်မှန်းခြေအားဖြင့် လုပ်သား(၁) သန်းခန့်မှာ ၎င်းတို့၏ နေအိမ်များသို့ လယ်ယာလုပ်ငန်းများပြန်လည်လုပ်ကိုင်ရန်အတွက် ပြန်သွားခဲ့ကြကြောင်း သိရှိရ ပါသည်။ ထိုင်းအလုပ်သမားဈေးကွက်အပေါ် Covid-19 ၏အကျိုးသက်ရောက်မှုကို ပိုမိုထွင်း ဖေါက်မြင်နိုင်စေရန် Econ Thai အနေဖြင့် အလုပ်သမားစာရင်း စစ်ဆေးဆောင်ရွက်မှုအား အမျိုး သားစာရင်းအင်းဌာနနှင့် တွဲဖက်လုပ်ကိုင်လျှက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၁ ခုနှစ်တွင် အိမ်နီး ချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံ၌ အလုပ်သမားအရေအတွက် မှာယခင်နှစ်က(၃၈.၉) သန်းရှိခဲ့ရာမှ ယခုနှစ်တွင် (၃၇.၆) သန်းသို့လျှော့နည်းသွားခဲ့ကြောင်း သိရှိရ ပါသည်။ ယခုနှစ်ဇန်နဝါရီလမှ မတ်လအထိအလုပ်လက်မဲ့နှုန်းမှာ ယခင်နှစ်ကာလတူတွင် (၁.၁%) ရှိခဲ့ရာမှနေ၍ (၂%) အထိတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးမှာ ယခင်နှစ်စက်တင်ဘာလမှ အောက်တိုဘာလအတွင်းဖြစ်ပြီး ၄င်းမှာ တိုင်းပြည်အတွင်း ပထမဆုံးကပ်ရောဂါစတင်ဖြစ်ပွားပြီး

နောက်ပိတ်ဆို့တားဆီးမှု Lockdown အစီအမံများ၏ အကျိုးသက်ရောက်မှုများကြောင့်ဖြစ် ကြောင်း Econ Thai ကပြောကြားခဲ့ပါသည်။ အမျိုးသား စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ National Economic and Social Development Council (NESDC)၏ အဆိုအရ Covif-19ကြောင့် အလုပ်လက်မဲ့ဖြစ်ရသောအလုပ်သမားများသည် ရေရှည်အလုပ်လက်မဲ့ ဖြစ်ဖွယ် ရှိ နေကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်ကပ်ရောဂါစတင်ဖြစ်ပွားသည်မှစ၍ အလုပ်မှထုတ်ပယ်ခြင်းခံ လိုက်ရသော တရားဝင်အလုပ်သမားများသည် တရားမဝင်အလုပ်သမားများဖြစ်လာကြောင်း၊ ၄င်းတို့ အတွက်မည်သည့်ဘေးကင်းလုံခြုံမှုအစီအစဉ်ဖြင့် မကာကွယ်ထားသကဲ့သို့ လူမှုဖူလုံရေး အကျိုးကိုလည်း ခံစားရမှုကင်းမဲ့နေသောအုပ်စုများဖြစ်နေကြောင်းသိရှိရပါသည်။

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

 ဗန်ကောက်

Loading