ပြည်ပသတင်းများ

ဩစတြေးလျနိုင်ငံ၏ အမဲသားထုတ်လုပ်မှုနှင့် ကုန်သွယ်မှု အခြေအနေတင်ပြခြင်း

အမဲသားထုတ်လုပ်မှု

ဩစတြေးလျနိုင်ငံသည် ကမ္ဘာ့အမဲသားထုတ်လုပ်မှု စုစုပေါင်း၏ ၄%ကို ထုတ်လုပ်လျက် ရှိပြီး၊ ကမ္ဘာ့အမဲသား ကုန်သွယ်မှု၏ ၁၇ %ကို ကုန်သွယ်မှုပြုလျက်ရှိရာ လွန်ခဲ့သည့် ဆယ်စုနှစ်များ စွာကတည်းကပင် ကမ္ဘာ့ထိပ်တန်း ပို့ကုန်တင်ပို့နိုင်ငံ (၃) နိုင်ငံအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ပါ သည်။ ၂၀၂၀ ပြည့်နှစ် ကမ္ကာ့အမဲသားကုန်သွယ်မှုစာရင်းများအရ ဘရာဇီးလ်နိုင်ငံက ကမ္ဘာ့ထိပ် တန်း တင်ပို့မှုအများဆုံးဖြစ်ပြီး၊ ဩစတြေးလျနိုင်ငံက ဒုတိယအကြီးဆုံး အမဲသားတင်ပို့သူအဖြစ် ရပ်တည်လျက်ရှိပါသည်။

ကမ္ဘာ့ အမဲသားထုတ်လုပ်မှုဝေစု

Source: OECD Outlook 2020 Estimates

ဩစတြေးလျနိုင်ငံ၊ အမဲသားထုတ်လုပ်မှု၏ ၇၅ % ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိပြီး၊ အမဲသားထုတ်လုပ်မှုကဏ္ဍကို မြောက်ပိုင်းနှင့် တောင်ပိုင်း ထုတ်လုပ်မှုစနစ်ဟူ၍ အဓိအား ဖြင့် နှစ်ပိုင်းခွဲခြားနိုင်ပါသည်။ အမဲသားထုတ်လုပ်မှု ကွင်းဆက်အတွင်း အဖွဲ့အစည်းပေါင်းများစွာ ပါဝင်လျက်ရှိပါသည်။ ရောဂါကင်းစင်ခြင်းနှင့် နောက်ကြောင်းစစ်ဆေးနိုင်ခြင်းတို့က ဩစတြေးလျ အမဲသား၏ အဓိကအားသာချက်များဖြစ်ပါသည်။ ကမ္ဘာ့ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ဩစတြေး လျနိုင်ငံ၏ ထုတ်လုပ်မှုမှာ နည်းပါးသော်လည်း ပြည်တွင်းလူဦးရေနည်းပါးမှုကြောင့် စားသုံးမှုတွင် သိသာထင်ရှားမှုမရှိဘဲ ပြည်ပသို့ တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါ သည်။ နိုင်ငံတကာ၏ ဝယ်လိုအားမြင့်တက်မှုက ဩစတြေးလျ အမဲသားထုတ်လုပ်မှုကဏ္ဍ အတွက် အလားအလာကောင်းများ ဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံ၏ အမဲသားတင်ပို့မှုသည် အာရှဒေသသို့ ဦးတည်လျက်ရှိကာ၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တင်ပို့မှု စုစုပေါင်း၏ ၇၄% မှာ အာရှသို့ တင်ပို့လျက်ရှိပြီး၊ မြောက်အမေရိကတိုက် သို့ ၂၁ %နှင့် အရှေ့အလယ်ပိုင်းဒေသသို့ ၂ %အသီးသီးတင်ပို့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

နွားအုပ်အရွယ်အစား (Herd Size)

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးခေါင်ရေရှား အခြေအနေများကြောင့် ဩစတြေးလျနိုင်ငံ၏ မွေးမြူရေးထုတ်လုပ်မှုအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်ခဲ့ရပါသည်။ စာရင်း အချက်အလက်များအရ နွားအုပ်မှာ ၁၉၉၀ ခုနှစ်မှ စတင်၍ အနိမ့်ဆုံးဖြစ်ပြီး၊ ကောင်ရေ ၂၁ သန်းဖြင့် ၆ % ကျဆင်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ နွားသားပေါက် ကောင် ရေ ၄.၆ သန်း (-၇ %)၊ နွားမနှင့် နွားပျိုမ ကောင်ရေ ၁၁.၁ သန်း (- ၅ %)နှင့် အခြား နွားကောင်ရေ ၅.၄ သန်း   (- ၆ %) အသီးသီးဖြစ်ကြောင်း တွေ့ရှိရပါသည်။

နွားအုပ် အရွယ်အစား

အမဲသား အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု

ဩစတြေးလျအမဲသား၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုတို့ကို အမျိုးမျိုးသော ခြေရာ ခံစနစ်များမှတစ်ဆင့် အာမခံချက်ပေးနိုင်ခြင်းက ဩစတြေးလျအမဲသား၏ ကမ္ဘာ့အဆင့် ယှဉ်ပြိုင် နိုင်စွမ်းကိုတိုးမြှင့်စေပါသည်။ အဓိကအားဖြင့် အောက်ဖော်ပြပါ စနစ်(၃) မျိုးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်-

(က) အမျိုးသားမွေးမြူရေး မှတ်ပုံတင်စနစ် (National Livestock Identification System-  NLIS)

(ခ)   မွေးမြူရေးထုတ်လုပ်မှု အာမခံစနစ် (Livestock Production Assurance -LPA)

(ဂ)     ရောင်းချသူကြေညာချက် (National Vendor Declaration -NVD) တို့ ဖြစ်ကြပါသည်။

အဆိုပါ စနစ်များမှ တစ်ဆင့် ဩစတြေးလျအမဲသား၏ အနာရောဂါကင်းစင်မှု အခြေ အနေကို ကာကွယ်နိုင်ပြီး၊  သန့်ရှင်းမှု၊ သဘာဝအတိုင်း ထုတ်လုပ်နိုင်မှုနှင့် အရည်အသွေးပြည့်ဝမှု တို့ကြောင့် ဩစတြေးလျ၏ ပုံရိပ်ကို များစွာတိုးတက်စေပါသည်။ ထို့အပြင် Meat Standard Australia (MSA) ၏အဆင့်သတ်မှတ်ချက်အစီအစဉ်နှင့်အညီ နွားစာအတွက် အရည်အသွေးမြင့် မြက်နှင့် အခြားသီးနှံများ စဉ်ဆက်မပြတ် ကျွေးမွေးမှုကြောင့် စားသုံးသူအတွက် အရည်အသွေး မြင့်မားသော အမဲသားကို ရရှိစေပါသည်။ MSA  မှာကမ္ဘာ့ထိပ်တန်း အစားအသောက် အရည်အသွေး စနစ်အဖြစ် သတ်မှတ်ခြင်းခံထားရပါသည်။

အမဲသားနှင့် နွားကလေးသား (Beef and Veal) တင်ပို့မှု

၂၀၁၉ ခုနှစ်အတွင်း အမဲသားနှင့် နွားကလေးသား စုစုပေါင်း တန်ဖိုးအေဒေါ်လာ ၁၀.၈ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး၊ အဓိကတင်ပို့ခဲ့သော နိုင်ငံတကာဈေးကွက် (၅) ခုမှာ တရုတ်၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် အမဲသား နှင့် နွားကလေးသား စုစုပေါင်းတန်ချိန် ၁.၂၃ သန်းအထိ တင်ပို့နိုင်ခဲ့ရာ ဈေ:ကွက်အလိုက် ဝေစု များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နိုင်ငံအလိုက် အမဲသားနှင့် နွားကလေးသားတင်ပို့မှု (%)

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အမဲသားတန်ဖိုး စုစုပေါင်း အေဒေါ်လာ ၁၁.၂၆ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး၊ ၄င်းအနက် အေးခဲ အမဲသား ၆၂ % နှင့် ရေခဲရိုက် အမဲသား ၃၈ % ကို တင်ပို့ခဲ့ခြင်း ဖြစ်ပါသည်။ ပမာဏအားဖြင့် အမဲသားတန်ချိန် ၁.၂ သန်း တင်ပို့နိုင်ခဲ့ပြီး၊ တင်ပို့ခဲ့သည့် အမျိုး အစားအလိုက် တင်ပို့မှု ပမာဏရာခိုင်နှုန်းများမှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-

အမျိုးအစားအလိုက် တင်ပို့မှုပမာဏ %

နွားအရှင် (Live Cattle) တင်ပို့မှု

ဩစတြေးလျနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း နွားအရှင် ကောင်ရေ ၁.၃ သန်း တင်ပို့နိုင် ခဲ့ပြီး၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ်၊ အစ္စရေးနှင့် ရုရှားနိုင်ငံတို့သို့ အဓိက တင်ပို့လျက်ရှိပါသည်။

ပြည်တွင်းလက်လီရောင်းချမှု

ဩစတြေးလျသည် လူဦးရေနည်းပါးသော်လည်း အခြားအသားစားသုံးမှုများနှင့် နှိုင်း ယှဉ်ပါက ပြည်တွင်းအမဲသားစားသုံးမှုမှာ မြင့်တက်လျက်ရှိပါသည်။ အမဲသားရောင်းချမှုမှာ လတ် ဆတ်သော အသားရောင်းချမှု စုစုပေါင်း၏ ၃၅% ခန့်ရှိပါသည်။ အဓိက Supermarket များအနက် လက်လီရောင်းချရာ၌ Coles  ၃၅ %၊ Woolworths ၃၄  %၊ Butcher  ၁၉% ၊ Aldi ၇ %၊ IGA ၂ % နှင့်အခြားတွင် ၅% အသီးသီးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ရေပန်းစားလာသည့် အစား အစာဝန်ဆောင်မှုလုပ်ငန်းများကြောင့် အမဲသားလက်လီရောင်းချမှုကို မြင့်တက်စေပါသည်။

အမဲသားကဏ္ဍအတွက် ကမ္ဘာ့ဈေးကွက်ဝင်အခွင့်အလမ်းများ

အာဖရိကန်ဝက်တုပ်ကွေးရောဂါမှာ ကမ္ဘာ့အသားဈေးကွက်အတွက် ကြီးမားသော ရိုက် ခတ်မှု ဖြစ်ပေါ်လာပြီးနောက် အမဲသားဝယ်လိုအား မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ အထူးသဖြင့် ပရိုတင်းအဓိကရရှိရေးကိုဦးတည်သည့် တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာခြင်း ဩစတြေးလျ အမဲသားဝယ်လိုအားကို မြင့်တက်စေခဲ့ပါသည်။ စီးပွားရေးထွန်းသစ်စ နိုင်ငံများကလည်း ပရိုတင်း စားသုံးမှု ပိုမိုမြင့်တက်လာသဖြင့် အမဲသားကဲ့သို့သော Red Meat ဝယ်လိုအားများ မြင့်တက်လျက် ရှိခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း အရည်အသွေးမြင့် အမဲသားများကို ရွေးချယ်ဝယ်ယူစားသုံး ခြင်းတို့က ဩစတြေးလျ အမဲသားထုတ်လုပ်မှုကဏ္ဍအတွက် ကြီးမားသော အခွင့်အလမ်းကောင်း များဖြစ်ပါသည်။ ထို့အပြင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအသောက် ဝန်ဆောင်မှုများ တိုးချဲ့လုပ် ကိုင်လာခြင်းနှင့် ပိုမိုခေတ်မီလာခြင်းတို့ကလည်း ဝယ်လိုအားမြင့်တက်စေသည့် အကြောင်းတရား များအနက် အပါအဝင်ဖြစ်ပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ကြက်သားနှင့် ဝက်သားဈေးနှုန်းများထက် အမဲသားဈေးနှုန်းက မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ

ရာသီဥတုအခြေအနေကောင်းမွန်လာမှုနှင့်အတူ ဩစတြေးလျနိုင်ငံအနေဖြင့် နိုင်ငံအဆင့် ကျွဲ၊ နွားအုပ် ပြန်လည်ထိန်းသိမ်းစုဆောင်းမှုကို ဆောင်ရွက်နေပြီဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် သတ်ဖြတ်မှု ကောင်ရေ ၇.၂ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၆.၄ သန်းအထိ ၁၁ % ကျဆင်းသွားသည်ကို

တွေ့ရှိရပါသည်။ ထုတ်လုပ်သူအများစုကလည်း အမဲသားလုပ်ငန်းနှင့် နွားအရေအတွက် ပြန်လည် ထိန်းသိမ်းစုဆောင်းရေးကို ရေရှည်မျှော်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။ သတ်ဖြတ်မှု ကျဆင်းသည့်အတွက် အသားထုတ်လုပ်မှုကျဆင်းကာ ပို့ကုန်တင်ပို့မှု ပမာဏကျဆင်းမည့် အနေ အထားဖြစ်ပါသည်။ ထို့အပြင်အမေရိကန်နှင့် ဘရာဇီးလ်နိုင်ငံကဲ့သို့သော အဓိက ပြိုင်ဖက်နိုင်ငံများ ၏ ထုတ်လုပ်မှုနှင့် တင်ပို့မှုပမာဏများ မြင့်တက်လာခြင်းကလည်း ဩစတြေးလျ အမဲသားကဏ္ဍ အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ကို တွေ့ရှိရပါသည်။

သုံးသပ်တင်ပြချက်

ယနေ့ခေတ် စာသုံးသူများက စားသုံးကုန်စည်၏ ဇစ်မြစ်၊ ရေရှည်တည်တံ့မှု၊ တိရိစ္ဆာန် ဖူလုံရေး၊ အစားအစာလုံခြုံစိတ်ချရမှု၊ နောက်ကြောင်းခြေရာခံလိုက်နိုင်မှုစသည့် အချက်များနှင့် စပ်လျဉ်း၍ အသိပညာများ တိုးတက်လာပြီဖြစ်ရာ ယင်းအချက်များဆိုင်ရာ သတင်းများ ပံ့ပိုးပေး နိုင်သည့် ဩစတြေးလျနိုင်ငံအမှတ်တံဆိပ်များက ကမ္ဘာတွင် ရေးပန်းစားလာရခြင်း အကြောင်း တရားဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကမ္ဘာတစ်လွှားတွင်လည်း COVID-19 ကူးစက်ရောဂါကြောင့် ဘဝလူနေမှုပုံစံများအခြေခံကျကျ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ရာ စားသုံးသူများမှာ ကျန်းမာရေးနှင့် ကိုယ်ခံအား မြှင့်တင်နိုင်မည့် အစားအသောက်များကို ဝယ်ယူစားသုံးကြသည့်အတွက် ကမ္ဘာ့ဝယ် လိုအားမြင့် တက်လာနိုင်မည့် အခြေအနေကို ခန့်မှန်းရရှိပါသည်။

ဩစတြေးလျနိုင်ငံသည် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အချို့သော ပြည်နယ်များတွင် မိုး ခေါင်ရေရှား အခြေအနေများ ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်းနှင့် ယခုနှစ်တွင်လည်း နိုင်ငံအဆင့်ကျွဲ၊ နွား အုပ်ပြန်လည်ထိန်းသိမ်းစုဆောင်းမှုတို့ကြောင့် ၂၀၂၁ ခုနှစ်အတွက် အမဲသားထုတ်လုပ်မှုနှင့် တင်ပို့ နိုင်မှုကျဆင်းနိုင်သည့် အနေအထားကို လေ့လာတွေ့ရှိရပါသည်။ ယင်းသို့ ကျဆင်းရခြင်းမှာ ကမ္ဘာ့ ဈေးကွက်ရှိ ဩစတြေးလျ အမဲသားဝယ်လိုအား ကျဆင်းခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံ၏ ထောက်ပံ့ မှုအားကျဆင်းခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရပါသည်။ သို့သော်လာမည့်နှစ်များအတွင်း ထောက်ပံ့ မှုအားမြင့်တက်လာခြင်း၊ ဈေးနှုန်းကျဆင်းခြင်းနှင့် ကိုဗစ်အလွန် အဓိကကုန်သွယ် ဖက်နိုင်ငံများ ၏ စီးပွားရေးပြန်လည်ဦးမော့လာခြင်းတို့ကြောင့် ထုတ်လုပ်မှုနှင့် တင်ပို့မှုပြန်လည်တိုးတက်လာ နိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading