ပြည်ပသတင်းများ

ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် e – commerce ဖြင့် ပြည်ပပို့ကုန်တင်ပို့မှုကို မြှင့်တင် ရန် ရည်မှန်းချက် Target ထားရှိခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစီးပွားရေး တွေ့ဆုံဆွေးနွေးမှုများနှင့် အွန်လိုင်း ကုန်စည်ပြပွဲ Virtual Events များမှတစ်ဆင့် ထိုင်းထုတ်ကုန်ပစ္စည်း များ ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် သံန္နိဌာန်ချမှတ်ထားကြောင်းနှင့် ယခုနှစ် အတွက်အွန်လိုင်းမှအရောင်းအား ဘတ်ငွေ(၁၆)ဘီလီယံအထိရရှိရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဂျူရင်က Covid-19 ကပ်ရောဂါအကြပ်အတည်းအကြားတွင် တိုင်းပြည်၏ ပို့ကုန်မြှင့်တင်ရေးအစီအစဉ်အား မြေပြင် တွင် အမှန်တစ်ကယ်ခင်းကျင်းပြသသည့် ကုန်စည်ပြပွဲ Trade Exhibitions မှနေ၍ အွန်လိုင်း ကုန် စည်ပြပွဲ (Virtual Events) များအဖြစ်သို့ ပြောင်းလဲ၍ ပိုမိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ယခုနှစ် အတွက် e – commerce သို့ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစီးပွားရေး တွေ့ဆုံ ဆွေးနွေးမှု(Online Business Matchings)များနှင့် အွန်လိုင်း ကုန်စည်ပြပွဲ Virtual Events များမှ တစ်ဆင့် ပို့ကုန်တင်ပို့မှု တိုးမြှင့်ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း၊ ယမန်နှစ်က ဘတ်ငွေ (၁၄) ဘီလီယံရရှိခဲ့ရာမှ ယခုနှစ်အတွက် ဘတ်ငွေ(၁၆) ဘီလီယံရရှိရန်ရည်မှန်းထားကြောင်း၊ အဓိကပြည်ပပို့ကုန်ပစ္စည်းများတွင် လယ်ယာထုတ်ကုန်များ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာ (Processed Food) များဖြစ်ကြောင်းဝန်ကြီးက ပြော ကြားခဲ့ပါသည်။

ဝန်ကြီး မစ္စတာဂျူရင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် Covid-19 ကပ်ရောဂါအကြပ်အတည်းအကြားတွင် ပုဂ္ဂလိကကဏ္ဍများနှင့် နီကပ်စွာပူးပေါင်း ညိှနှိုင်းလျှက်အကောင်းဆုံးသောမဟာဗျူဟာများနှင့် ချဉ်းကပ်နည်းအသစ်များဖြင့် တိုင်းပြည်၏ ပြည်ပ ပို့ကုန်များကိုလှုံ့ဆော်အားပေးဆောင်ရွက်လျှက် ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆက်စပ် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းငယ်လေးများဖြစ်သော small Entrepreneurs အား၄င်းတို့၏ ထုတ်ကုန်များ ကိုကမ္ဘာ့ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Covid-19 ကပ်ရောဂါအကြပ်အတည်း အကြားမှ Dealer Online Connect ProJect (သို့မဟုတ်) DITP’s Online Reseller Connect ပွဲကို မေလ (၂၄ – ၂၈) ရက်နေ့အထိ စီစဉ်ကျင်းပလျှက်ရှိနေကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အွန် လိုင်းဖြန့်ချိရေး(International Online Distributor Groups) အုပ်စုပေါင်း (၈၀) ကျော်နှင့် အလားတူ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဟောင်ကောင်၊ အာဂျင်တီးနား၊ လာအိုနှင့် နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ အလားအလာရှိသော ပလက်ဖေါင်းများကိုလည်း ကုမ္ပဏီပေါင်း (၁၂၀၀) ကျော် မှ ထိုင်းကုန်ပစ္စည်းများကို အွန်လိုင်းကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှု နည်းပညာ(Online Trade Negotiation Technology) အသုံးပြု၍ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်းသိရှိရ ပါသည်။

ထိုင်းနိုင်ငံ၏ ထုတ်ကုန်များကို Alibaba၊  Amazon၊  Tmall Global၊ BigBasket၊ DiDi Global နှင့်အခြားသော ဉီးဆောင်ပလက်ဖေါင်း (Leading Platforms) များမှ တစ်ဆင့် ဝယ်ယူ ရရှိနိုင်ကြောင်း၊ ၄င်းတို့မှ ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေသန်း (၁၀၀) ထက် မနည်းနိုင်ကြောင်း သိရှိရပါသည်။ ဤသည်မှာ e-commerce လုပ်ဖေါ်ကိုင်ဖက်များက ညိှနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့သော Virtual Seminar Booth နှင့် Showcase များပါဝင်သည့် Virtual e-commerce event ပုံစံဖြင့် ထိုင်းနိုင်ငံ ကျင်းပသည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ E-commerce Event ပွဲဖြစ် ကြောင်း၊ အဆိုပါကုန်သွယ်မှုမြှင့်တင်ရေးပွဲမှနေ၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား ပုံမှန်ခေတ် သစ် New Normal Era နှင့်လိုက်လျောညီထွေဖြစ်စေရန်   အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ် ကြောင်းသိရှိရပါသည်။ ၄င်းက ပြဿနာများကိုဖြေရှင်းရန်နှင့် ၄င်းတို့၏ ကုန်ပစ္စည်းများကို နိုင်ငံ ခြားသို့ ၄င်းတို့ကိုယ်တိုင် ရောင်းချရန်အဆင်သင့်မဖြစ်သေးသည့် ထိုင်းစီးပွားရေးလုပ်ငန်း ရှင်များ အတွက် အတားအဆီးများကို လျှော့ချနိုင်ရန်အတွက် အရေးကြီးသောအဖြေတစ်ခုဖြစ် လိမ့်မည် ဟု ဝန်ကြီးမစ္စတာဂျူရင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading