ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ အချို့အား ခွာနာလျှာနာရောဂါကင်းစင် သည့် နယ်မြေများအဖြစ် ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (World Organization for Animal Health – OIE) က သတ်မှတ်

Paraná ပြည်နယ်၊ Rio Grande do Sul ပြည်နယ်၊ Acre ပြည်နယ်၊ Rondônia ပြည်နယ်၊ Mato Grosso ပြည်နယ်နှင့် Amazonas ဒေသရှိ နယ်မြေဒေသအချို့တို့အား ကာကွယ် ဆေးထိုးရန် မလိုအပ်သည့် တိရိစ္ဆာန်ခွာနာလျှာနာရောဂါ ကင်းစင်သည့်ဒေသများအဖြစ် ကမ္ဘာ့ တိရိစ္ဆာန် ကျန်းမာရေး အဖွဲ့ကြီးက အသိအမှတ်ပြုခဲ့သည်။ အဆိုပါ သတ်မှတ်ချက်အတွက် မေလ ၂၇ ရက်နေ့(အင်္ဂါနေ့) အစည်းအဝေးတွင်မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၉ မဲ၊ ကြားနေမဲ ၁ မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကာကွယ်ဆေးအသုံးပြုမှုရပ်ဆိုင်းခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ဘရာဇီးနိုင်ငံ ၏ အမဲသားများ ဈေးကွက်နေရာပိုမိုရရှိလာပြီး အမဲသားပြည်ပတင်ပို့မှု ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း ဘရာဇီးလ်နိုင်ငံ စိုက်ပျိုးရေးနှင့်မွေးမြူရေးအသင်း၏ တိရိစ္ဆာန်မွေးမြူရေးထုတ်လုပ်ရေး တာဝန်ခံ Lilian Figueiredo က သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမဲသားဈေးကွက်အသစ်များ ချဲ့ထွင်တင်ပို့ရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ ဂျပန်နှင့် တောင်ကိုးရီးယားကဲ့သို့သော စားသောက်ကုန်နှင့်အသားတင်သွင်းမှု စည်းကမ်းတင်းကြပ်သော နိုင်ငံ များသို့ ဘရာဇီးလ်နိုင်ငံမှအမဲသားများတင်ပို့ရန်အတွက် ကာကွယ်ဆေးဓါတ်ကြွင်းများနှင့် ရောဂါ များ ကင်းရှင်းရန်လိုအပ်ကြောင်း Lilian Figueiredo က သတင်းဌာနသို့ ပြောကြားခဲ့သည်။

Rio Grande do Sul ပြည်နယ်တွင် ခွာနာလျှာနာရောဂါကာကွယ်ဆေးများအသုံးပြုခြင်း မရှိသော်လည်း မွေးမြူထားသည့်နွားများ၏ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိကြောင်း၊ ပြည်နယ် လယ်ယာစိုက်ပျိုးရေးအသင်းချုပ်၏ ဥက္ကဌ Gedeão Pereira က သတင်းဌာနသို့ပြောကြားခဲ့သည်။

တိရိစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ခြင်းနှင့် ကာကွယ်ဆေးဓာတ်ကြွင်း များမပါဝင်ခြင်းတို့ကြောင့် သားထုတ်လုပ်မှုအပိုင်းတွင်အရည်အသွေးကောင်းမွန်ကြောင်းဘရာဇီးလ် တိရိစ္ဆာမွေးမြူရေးနှင့်ကုသရေးအရာရှိ၏ လေ့လာတွေ့ရှိချက်များသည် အသားထုတ်လုပ်မှုအ တွက် လမ်းညွှန်ချက်များဖြစ်လာကြောင်း Pereira က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ကြီးက ခွာနာလျှာနာရောဂါကင်းမဲ့ဇုံအဖြစ် သတ်မှတ်ခံ ရမှုသည် Rondônia ပြည်နယ်ရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရလဒ်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့် ပူးပေါင်းဆောင် ရွက်မှုများကြောင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်၏ Agricultural Health Defense Agency မှ ဥက္ကဌ Júlio Peres က သတင်းဌာနသို့ ပြောကြားခဲ့သည်။

မွေးမြူရေးကဏ္ဍသည် ပြည်နယ်အတွက် အဓိကဝင်ငွေရှိသည့်ကဏ္ဍဖြစ်ကြောင်း၊ Acre ပြည်နယ်၏ အသားထုတ်လုပ်မှုကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အသားဈေးကွက်များ လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ အာရှနိုင်ငံများကဲ့သို့သော ဈေးကွက်အသစ်များသို့ တိုး ချဲ့ဖြန့်ဖြူးနိုင်ရန်အတွက် ကောင်းမွန်ပြည့်စုံသောသယ်ယူပို့ဆောင်ရေးစနစ်များလည်း အဆင်သင့် ရှိနေကြောင်းတို့ကို ပြည်နယ်၏လယ်ယာစိုက်ပျိုးရေးအသင်းချုပ်(Federation of Agriculture of the State of Acre – Faeac)က သတင်းဌာနသို့ပြောကြားခဲ့သည်။

ယခုနှစ်များတွင် ပြည်နယ်အတွင်း ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုမတွေ့ရှိရသဖြင့် ပြည် နယ် တိရိစ္ဆာန်ကျန်းမာရေးအစီအစဉ်၏ ရလဒ်ကောင်းများထွက်ပေါ်လာကြောင်း၊ အမဲသားဈေး ကွက်တွင်လည်း ဈေးနှုန်းများပိုမိုရရှိလာနိုင်ကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏အသားတင်ပို့မှုတွင် အတား အဆီးဖြစ်ပေါ်နေသည့် သန့်ရှင်း၍ကျန်းမာရေးနှင့်ညီညွတ်သော အသားထုတ်လုပ်မှုနှင့် သက်ဆိုင် သည့် ကန့်သတ်ချက်များကိုလည်း ကျော်လွှားနိုင်ခဲ့ကြောင်း အကြံပေးကုမ္ပဏီ Scot Consultoria ၏ ဥက္ကဌ Alcides Torres က သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အမဲသားထုတ်လုပ်မှုတွင် အရည်အသွေးတိုးတက်ကောင်းမွန်လာမှုကြောင့် ဈေးကွက် အသစ်များသို့ တိုးချဲ့တင်ပို့နှိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကြောင့် Paraná ပြည်နယ်၏ ပို့ကုန်အသားများ၏ ဈေးကွက်ဝယ်လိုအား ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ Paraná ပြည်နယ်မှထုတ်လုပ်သည့် အမဲသားများအား ကမ္ဘာ့နိုင်ငံများသို့ရောက်ရှိအောင် ဖြန့်ဖြူပေးနိုင်တော့ မည်ဖြစ်ကြောင်း ပြည်နယ်လယ်ယာစိုက်ပျိုးရေးအသင်းချုပ်(Federation of Agriculture of the State of Paraná – Faep) ၏ ဥက္ကဌ Ágide Meneguette က သတင်း ထောက်များသို့ ပြောကြားခဲ့သည်။

သတင်းရင်းမြစ် – www.canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading