ပြည်ပသတင်းများ

ဟနွိုင်းနှင့် ကုန်သွယ်မှု ပိုမိုတိုးချဲ့ရန် တရုတ်သမ္မတရှီမှ ပြောကြားခဲ့ခြင်း

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံအကြား ကုန်သွယ်ရေး နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအရ အဆင့်မြင့် အခြေခံအဆောက်အဦများ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်နိုင်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တယ်လီဖုန်းခေါ်ဆိုပြီး ဆွေးနွေး ခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Sarah Zheng က “Xi calls for expanded trade ties with Hanoi” ခေါင်းစဉ်ဖြင့် ရေးသားဖော် ပြထားပါသည်။

အဆိုပါ သတင်း၌ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံလုံးသည် နည်း‌ဗျူဟာကျစွာ ဖြင့် ရေရှည်အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့သည် ဗီယက်နမ်နိုင်ငံနှင့် ပိုမိုခိုင်မြဲစွာ ဆက်လက်ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် Quad- an Indo Pacific ၏ အစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံအား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ပေကျင်းမှ ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရန် ပိုမိုလိုလားလာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading