ပြည်ပသတင်းများ

ပြည်တွင်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်ပသို့အမဲသားတင်ပို့ခွင့်အား ရက် ၃၀ ကြာ ဆိုင်းငံ့ကြောင်း အာဂျင်တီးနားအစိုးရကြေညာ

ပြည်တွင်းအသားဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်ပသို့ အမဲသား တင် ပို့ခွင့်အား ရက်ပေါင်း (၃၀) ကြာ ဆိုင်းငံ့ကြောင်း မေလ ၁၇ ရက်နေ့ (တနင်္လာနေ့) တွင်  အာဂျင် တီးနားနိုင်ငံ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အာဂျင်တီးနားနိုင်ငံတွင် အမဲသားဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေသဖြင့် ပြည်တွင်းကုန်ဈေးနှုန်းအပေါ် အစိုးရ၏အရေးပေါ်ဆောင်ရွက်ချက်အဖြစ် ပို့ကုန်သွင်းကုန်လုပ် ငန်းများတွင် အခွန်တိမ်းရှောင်မှုများအားစိစစ်ခြင်း၊ ပို့ကုန်အမဲသား ထုတ်လုပ်မှုအပေါ်တွင် နောက်ကြောင်း ရာဇဝင်များစိစစ်ခြင်း၊ ပြည်တွင်းအသားဈေးကွက်တွင် ဈေးကစားခြင်းများအား ကန့်သတ်ခြင်းနှင့် အသားထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးအတွက် အစိုးရကပူးပေါင်းဆောင် ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ထုတ်ပြန်ကြေညာချက်များနှင့်ပတ်သက်၍ မေလ ၁၇ ရက်နေ့ (တနင်္လာနေ့) တွင် ပြုလုပ်ခဲ့သည့် အာဂျင်တီးနား အသားတင်ပို့သူများအသင်း(Exporters of Argentine Meat – ABC)နှင့် တွေ့ဆုံသည့်အစည်းအဝေးတွင် သမ္မတ Alberto Fernández အား တင်ပြဆွေးနွေးခဲ့ ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြည်တွင်းအစားအသောက်များ၏ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိနေခြင်း အပေါ်သမ္မတအနေဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်လျက်ရှိနေကြောင်း၊ အမဲသားတင်ပို့မှုကို ထိန်းချုပ် ခြင်းသည် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေးအပေါ်  ထိရောက်မှုရှိ မရှိအား လေ့လာအကဲ ဖြတ် မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သတင်းတွင်ဖော်ပြထားသည်။ ပြည် တွင်းကုန်ဈေးနှုန်းပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းရေးအတွက် မူဝါဒများချမှတ်ပြီး လိုအပ် သောညွှန်ကြားချက်များ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အချို့ပို့ကုန်များအတွက်လာမည့်ရက်ပိုင်း အတွင်း ညွှန်ကြားချက်အသစ်များထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အမဲသားတင်ပို့မှုအား ရက်ပေါင်း ၃၀ ကြာရပ်ဆိုင်းထားရန်  အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထုတ်ကုန်ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် အစိုးရ၏ပို့ကုန်ပိတ်ပင်တားမြစ်ချက်များကြောင့် ပြည်တွင်းကုန် ဈေးနှုန်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိပါက အမဲသားတင်ပို့မှု ယာယီပိတ်ပင်ခြင်းများအား ပြန်လည်ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း၊ တချိန်တည်းတွင် အချို့တင်ပို့မှုလုပ်ငန်းစဉ် များကို ချွင်းချက်အနေဖြင့် ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတက အသား တင်ပို့ သူများအား ဆွေးနွေးပြောကြားချက်များကို ဝန်ကြီးဌာန၏သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

 ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

 ဘရာဇီးလ်

Loading