ပြည်ပသတင်းများ

အိန္ဒိယဝိုင်ဈေးကွက်အတွင်းသို့ ဩစတြေးလျ ဝိုင်ဗူးများ ဝင်ရောက်မည်

ဗစ်တိုးရီးယားအခြေစိုက် ဝိုင်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Barokes Wines သည် ကိုဗစ်ကာလဖြစ်လင့်စကား အိန္ဒိယနိုင်ငံတွင် ပထမဆုံးဝိုင်ဗူးထုတ်လုပ်မည့်လုပ်ငန်းဖြစ်လာ ကြောင်းသိရှိရပါသည်။ Barokes Wines သည် ကမ္ဘာ့ဦးဆောင် ဝိုင်ဗူးထုတ်လုပ်သူဖြစ်ပြီး၊ ရွှေ တံဆိပ်ပေါင်း ၄၀၀ ကျော်ရရှိကာ ကမ္ဘာ့အနှံ့တွင် အလူမီနီယံဝိုင်ဗူးများရောင်းချလျက်ရှိပါသည်။ Barokes Wines အမှတ်တံဆိပ်ကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ဖြန့်ဖြူးခဲ့ပြီး၊ ယခုအခါ အိန္ဒိယနိုင်ငံတွင် ဝိုင်အမျိုးအစား (၅) မျိုးအထိ ရရှိနေပြီဖြစ်ပါ သည်။ ဝိုင်ဗူးမှာ အိန္ဒိယနိုင်ငံအတွက် အသစ်အဆန်းဖြစ်နေသော်လည်း ၎င်းမှာ အိန္ဒိယနိုင်ငံနှင့် ကိုက်ညီမှုရှိပါကြောင်း၊အိန္ဒိယဝိုင်ဈေးကွက်မှာ သေးငယ်သော်လည်း မျှော်လင့်ချက်ရှိပါကြောင်း နှင့်လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုက လွှမ်းမိုးထားကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကူးစက်ရောဂါကြောင့် အိန္ဒိယနိုင်ငံအတွင်း စားသောက် ဆိုင်များနှင့် ဟိုတယ်များတွင် ဝိုင်လက်လီရောင်းချမှုမှာ သိသာထင်ရှားမှုမရှိခဲ့သော်လည်း ယခု အခါ ဩစတြေးလျဝိုင်များ အိန္ဒိယဝိုင်ဈေးကွက်တွင် ရောင်းချနိုင်မည့် အခွင့်အလမ်းများပေါ် ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ပြည်နယ်အစိုးရအချို့က ၂၀၂၀ ပြည့်နှစ်အတွင်းမှာပင်ဝိုင်နှင့် အရက်များကို Online မှ ဝယ်ယူရောင်းချခြင်းနှင့် အိမ်တိုင်ယာရောက် ဖြန့်ဖြူးခြင်းတို့ကို ခွင့်ပြု ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ဝိုင်ရောင်းချမှုမှာ တဖြည်းဖြည်းမြင့်တက်လာပြီး၊ ၂၀၁၃မှ ၂၀၁၉ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၁၀ % ကျော်မြင့်တက်ခဲ့ခြင်းဖြစ် ပါသည်။ ဝိုင်ရောင်းချမှုကို ၂၀၂၄ နှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၈ % ကျော် မြင့်တက်နိုင် ကြောင်း ခန့်မှန်းထားပါသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ Barokes Wines ဝိုင်ဗူးများ ဝင်ရောက်ခြင်းမှာ ဩစတြေးလျ ဝိုင်တင်သွင်းမှုကို ချဲ့ထွင်နိုင်ခြင်းဖြင့် ဝိုင်ဈေးကွက် ဝေစုကိုပါတိုးချဲ့နိုင်မည့် အခွင့်အရေးဖြစ် ကြောင်း သိရှိရပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading