ပြည်ပသတင်းများ

ဩစတြေးလျ ကြက်သားထုတ်ကုန်များ ကိုရီးယားသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများရရှိ

ဩစတြေးလျနှင့် ကိုရီးယားအစိုးရတို့သည် ကြက်သား ထုတ်ကုန်များကို ယခင်ကဲ့သို့ ပြန်လည်ကုန်သွယ်မှုပြုနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။ ၁-၈-၂၀၂၀ ရက်နေ့တွင် ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်တွင် ပြင်းထန်ကြက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza -HPAI)  ကိုရှာဖွေတွေ့ရှိပြီးနောက် ဩစတြေးလျ ကြက်နှင့် ကြက်သားထုတ်ကုန်များ တင်သွင်းမှုကို ပိတ်ပင်တားဆီးခဲ့ခြင်းဖြစ်ပါသည်။ ၂၆-၂-၂၀၂၁ ရက် နေ့တွင် သြစတြေးလျနိုင်ငံသည် ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့၏ တိရိစ္ဆာန်ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များအရ HPAI ကင်းစင်ကြောင်းကို တရားဝင်ကြေညာခဲ့ပြီး၊ ကိုရီးယားနှင့် ကုန်သွယ်မှု ပြန်လည်ပြုလုပ်ရန် တရားဝင်တောင်းဆိုခဲ့သည်။

လက်ရှိတွင် ကိုးရီးယားနိုင်ငံ၌ HPAI ဖြစ်ပွားလျက်ရှိပြီး၊ ကြက်ခြံများတွင် ကြက် ကောင်ရေသန်းနှင့်ချီ၍ သုတ်သင်ရှင်းလင်းခဲ့ရပါသည်။ သို့ဖြစ်ရာပြည်တွင်းဝယ်လိုအား အတွက်  ထုတ်လုပ်မှုတွင် ကန့်သတ်ချက်များဖြစ်ပေါ်လျက်ရှိပါသည်။ တုံပြန်မှုအနေဖြင့် ကိုရီးယားနိုင်ငံ သည် ကြက်ဥများအတွက် သွင်းကုန်အခွန်နှုန်းကို ၃၀-၆-၂၀၂၁ ရက်နေ့အထိ ဖယ်ရှားထားပြီး၊ အချိန်ကာလမှာလည်း ထပ်မံတိုးမြှင့်ဖွယ် အနေအထားဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံသည် HPAI ကင်းစင်ကြောင်းကြေညာပြီးနောက် ဩစတြေးလျ ကြက်ဥများကို စားသုံးရန်အတွက် စီးပွားဖြစ်ဆောင်ရွက်ရန်များစွာ စိတ်ဝင်စားလာကြပြီး၊ ကိုရီး ယားကြက်မွေးမြူရေးလုပ်ငန်းများ၏ သားဖောက်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးအတွက် စိတ်ဝင်စားမှုများရှိနေပါသည်။ ယင်းမှာ ကြက်သားထုတ်ကုန်များ ပြန်လည် ကုန်သွယ်မှုပြုနိုင် ရန် ဩစတြေးလျပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများဖြစ်ပါသည်။

ကိုရီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ကြက်ဥကို အမေရိကန်ဒေါ်လာ ၁၄.၈ သန်းခန့် တင်သွင်းခဲ့ပြီး၊ ၂၀၁၄-၂၀၁၉ ကာလအတွင်း ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၅.၆ သန်း တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံမှာမူ ၂၀၁၇ ခုနှစ်ကတည်းကစ၍ တင်ပို့နိုင်ခဲ့ ခြင်းမရှိကြောင်း သိရှိရပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading