ပြည်ပသတင်းများ

ပဲပုတ်စေ့ဈေးနှုန်းများ အလျင်အမြန် ကျဆင်းနေသည့် ချီကာဂိုစတော့ဈေးကွက်

အမေရိကန်နိုင်ငံ၏ ရေကြောင်းပိတ်ဆို့မှုများကြောင့် ချီကာဂို စတော့ဈေးကွက်တွင် ပြောင်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသကဲ့သို့ ပဲပုတ်စေ့ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိသည်။ ဇူ လိုင်လအတွက် ကြိုပွိုင့်ရောင်းချမှုများတွင် ၃.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၆.၄၂၄ မှ ၁၅.၈၄၀ သို့ ကျဆင်းခဲ့သည်။ ထို့အပြင် မေလ ၁၀ ရက်နှင့် ရက်နေ့ များတွင် စတော့ဈေးကွက်၌  ရောင်းဝယ်မှုသဘောတူညီချက် အချို့ကို ဖျက်သိမ်းခဲ့မှုများလည်းရှိခဲ့ ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ချီကာဂိုသီးနှံစတော့ဈေးကွက်တွင် ဈေးနှုန်းများကျဆင်းမှုကြောင့် ဘရာဇီးလ်နိုင်ငံ Paranaguá(PR) သီးနှံဈေးကွက်တွင်လည်း ပဲပုတ်စေ့ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း လယ်ယာ ထွက်ကုန်ရောင်းဝယ်ရေးနှင့် သုတေသနကုမ္ပဏီ Cepea က ပြောကြားခဲ့သည်။ ပဲပုတ်စေ့ဈေးနှုန်း သည် မေလ ၁၃ ရက်နေ့နှင့်နှိုင်းယှဉ်ပါက ၁ အိတ်လျှင် ဘရာဇီးလ်ဟဲရာ ၁၈၂.၉၇ မှ ၁၇၈.၂၇ သို့ ကျဆင်းခဲ့ရာ ဈေးနှုန်းကျဆင်းမှုသည် ၂.၅၇ ရာခိုင်နှုန်းအထိ ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading