ပြည်ပသတင်းများ

ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ပိတ်ဆို့မှုများဖြစ်ပေါ် နေမှုကြောင့် အမေရိကန်ဈေးကွက်တွင် ပြောင်းနှင့်ပဲပုတ်စေ့ ဈေးနှုန်းများ သိသိသာသာ ကျဆင်း

အမေရိကန်နိုင်ငံ၏ ရေကြောင်းသယ်ယူပို့ဆောင်မှုတွင် အဓိက အသုံးပြုသည့် မစ်စစ်စပီမြစ် ပေါ်တွင် တံတား ( ၁ ) စင်းကျိုးကျကာ ကုန်တင်သင်္ဘောများနှင့်ဖယ်ရီများ လမ်းပိတ်ဆို့မှုဖြစ်ပွား နေသည့်သတင်းကြောင့် ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ အလျင်အမြန်ကျဆင်းခဲ့ ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ချီကာဂိုစတော့ဈေးကွက်သည် နိုင်ငံတကာသို့တင်ပို့မည့် သီးနှံများ အရောင်းအဝယ်ပြုလုပ်သည့်နေရာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့် သွားသည့်အတွက် နိုင်ငံတကာသို့ တင်ပို့မည့်သီးနှံများ၏ ဝယ်လိုအားမှာလည်း သိသာစွာကျဆင်း သွားကြောင်း သတင်းတွင်ဖော်ပြထားသည်။ ၄င်းအခြေအနေတွင် အမေရိကန်နိုင်ငံ၏ သီးနှံတင်ပို့မှု သည် ခန့်မှန်းထားသည့်ပမာဏထက် ပိုမိုလျှော့ကျခဲ့ပြီး ဇူလိုင်လအတွက် ကြိုပွိုင့်ရောင်းချရမှုတွင် ၅.၆ ရာခိုင်နှုန်းကျဆင်းကာ ပြောင်း ၁ စည်လျှင် အမေရိကန် ဒေါ်လာ ၆.၇၄၆ ဈေးနှုန်းဖြင့် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံရှိ ချီကာဂိုသီးနှံဈေးကွက်တွင် ပြောင်းဈေးနှုန်းများကျဆင်းမှုကြောင့် ဘရာဇီးလ်နိုင်ငံပြောင်းဈေးကွက်တွင်လည်း ဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ကြောင်း၊ Cascavel (PR) ဈေးကွက်တွင် ပြောင်း ၁ အိတ်လျှင် ဘရာဇီးလ်ဟဲရာ ၁၀၉ မှ ၁၀၅ သို့လည်းကောင်း၊  Campinas(SP) ဈေးကွက်တွင် ပြောင်း ၁ အိတ်လျှင် ဟဲရာ ၁၁၀ မှ ၁၀၉ သို့လည်း ကောင်း၊ B3 အဆင့် ပြောင်းစေ့ ၁ အိတ်လျှင် ဘရာဇီးလ်ဟဲရာ ၁၀၀ အောက်သို့ လည်းကောင်း အသီးသီးဈေးနှုန်းများကျ ဆင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading