ပြည်ပသတင်းများ

ဂျာမနီနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍ

ဂျာမနီနိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍတွင်  ငါးဖမ်းရေယာဉ်များဖြင့် ဖမ်းဆီးခြင်းလုပ်ငန်း၊ ငါးပြုပြင်ထုတ်လုပ်ခြင်း၊ လက်လီလက်ကားရောင်းဝယ်ခြင်းလုပ်ငန်း၊ စားသောက်ဆိုင်ဝန်ဆောင် မှုလုပ်ငန်းများ၊ ပြည်တွင်းငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းဟူ၍ ကဏ္ဍများခွဲခြားနိုင် ပါသည်။ ငါးလုပ်ငန်းကဏ္ဍတွင် Common Fisheries Policy (CFP) သည် အီးယူနှင့် ဂျာမနီနိုင်ငံ တို့အတွက် အခြေခံမူဘောင်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် ရေရှည်စဉ်ဆက်မပြတ်ဖြစ် ထွန်းရေး ကိုဦးတည်၍ ပြန်လည်ဖြည့်ဆည်းနိုင်မည့် ငါးအရေအတွက်ထက်ပို၍ ငါးများကို ဖမ်းဆီးခြင်းမ ပြုရန်ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် ငါးလုပ်ငန်းကဏ္ဍမှ လူဦးရေ (၄၀၀၀၀)ကျော် အလုပ်အကိုင်ရရှိ ရေး ပံ့ပိုးပေးနိုင်ပါသည်။ နှစ်စဉ်ငါးနှင့်ပင်လယ်စာ ပျမ်းမျှတန် (၂၀၀၀၀၀) ခန့် ဖမ်းယူရရှိပြီး တန်ဘိုးအားဖြင့် ယူရို (၂၀၂) သန်းရှိကာ ပြည်တွင်းစားသုံးရန်လုံလောက်မှုမှာ ခန့်မှန်းခြေ ၂၁ ရာ ခိုင်နှုန်းရှိပါသည်။

ဂျာမနီနိုင်ငံ ဖယ်ဒရယ်အစားအစာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ကြီး Ms.Julia Klöckner က ငါးလုပ်ငန်းကဏ္ဍအတွက် ဘဏ္ဍာငွေထောက်ပံ့မှုများရရှိရန် ၂၀၂၀ ခုနှစ်အတွင်း အီးယူအဆင့် ဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုမှုပြုလုပ်ခဲ့ပါသည်။  ဥရောပတိုက်မြောက်ပိုင်းရှိ ဘောလ်တစ်ပင်လယ်(Baltic Sea )တွင် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသော အရာများ ဖြစ်သည့် ရေထဲတွင် အောက်စီဂျင်မလုံလောက်မှုနှင့် ပင်လယ်ရေစီးဝင်မှုလုံလောက်စွာမရရှိမှု တို့ကြောင့် ဘောလ်တစ်ပင်လယ်တွင် ငါးများရရှိနိုင်ရေးမှာ ခက်ခဲလာနေပြီး အချို့ကုမ္ပဏီများ အတွက် လုပ်ငန်းအမြတ်ဝင်ငွေပုံမှန် ရရှိနိုင်ရေးအဟန့်အတားဖြစ်လာနေပါသည်။ ၂၀၂၁ ခုနှစ် မေလ (၆)ရက်နေ့တွင် ဥရောပ ပင်လယ်ရေကြောင်းနှင့် ရေလုပ်ငန်းများ ရန်ပုံငွေထောက်ပံ့ရေး အဖွဲ့ (European Maritime and Fisheries Fund- EMFF)၏ စည်းမျဉ်းများ ပြင်ဆင်ဖြည့် စွက်ခြင်းသည်  စတင်အာဏာသက်ဝင်ခဲ့ပါသည်။

ယခုနှစ်တွင် Mecklenburg-Western Pomerania နှင့် Schleswig-Holstein ကမ်းရိုး တန်းဒေသများရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၄င်းတို့၏ ငါးဖမ်းသင်္ဘောများအတွက် ပရီမီယံကြေးများကို လျှောက်ထားနိုင်ကြမည်ဖြစ်ပြီး သင်္ဘောအရွယ်အစားပေါ်မူတည်၍ ထောက်ပံ့ ကြေးပေးသွားမည်ဖြစ်ပါသည်။ ထောက်ပံ့ငွေကို EMFF နှင့် ဖယ်ဒရယ် ရန်ပုံငွေတို့မှ တစ်ဝက်စီ ပံ့ပိုးကြရာ  ဖယ်ဒရယ်အစားအစာနှင့်စိုက်ပျိုးရေး ဝန်ကြီးဌာနကယူရို ၂.၂ ဘီလီယံထောက်ပံ့ပါ သည်။ ဝန်ကြီး Ms.Julia Klöckner က ပင်လယ်ငါးဖမ်းလုပ်ငန်းများ ထိန်းသိမ်းစောင့်ရှောက်ရန် ငါးများ စဉ်ဆက်မပြတ်ရရှိရေးသည် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦးချင်း ဆောင်ရွက်ချက်များနှင့် ၄င်းတို့နှင့် အတူနေသူများကိုလည်း စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းကို အရှုံးပေးမည့်သူများကို ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး စီးပွားရေး အမြင်လည်းရှိကြဘို့လိုကြောင်း၊ ဖက်ဒရယ်ရန်ပုံငွေ ရရှိရေးဆောင်ရွက်နေကြောင်း ပြောကြားပါ သည်။

Source:

-https://www.bmel.de/EN/topics/fisheries/fisheries-policy/german-fishing-industry.html

-Report of Federal Ministry of Food and Agriculture, March 2020: Towards Sustainable Fisheries in Germany and the EU

သီတာဝင်းဌေး၊စီးပွားရေးသံမှူး

ဘာလင်

Loading