ပြည်ပသတင်းများ

ပို့ကုန်တင်ပို့မှု မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီး အမြင့်ဆုံးသို့‌ရောက်ရှိနိုင်ခြင်း

အမေရိကန်နိုင်ငံ၌ စီးပွားရေးပြန်လည်နလန်ထူလာခြင်းနှင့် အိန္ဒိယနိုင်ငံ၌ COVID-19 အကျပ်အတည်းကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ တိုးတက်ခဲ့ပြီးအမြင့်ဆုံးသို့‌ရောက်ရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှု (၄၃.၁) ရာခိုင်နှုန်း မြင့်တက် ခဲ့ရာ ခန့်မှန်းထားသည်ထက် အနည်းငယ်လျော့ကျခဲ့ကြောင်း၊ ပို့ကုန် (၃၂.၃) ရာခိုင်နှုန်း မြင့်တက် ခဲ့ရာ မျှော်မှန်းထားသည်ထက်ကျော်လွန်သွားကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Orange Wang က “Exports beat expectations, but ‘could be close to peak” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌တရုတ်နိုင်ငံ၏ စီးပွားရေးမြင့်တက်လာမှု၏ ပထမအချက်မှာ အမေရိ ကန်နိုင်ငံ၏ စီးပွားရေး ပြန်လည်နလန်ထူလာပြီး တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများ ဆက်လက် ဝယ်ယူလိုခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်လာခြင်း၊ ဒုတိယအချက်မှာ အိန္ဒိယ နိုင်ငံ၌ COVID-19 အကျပ်အတည်းကြောင့် ထုတ်လုပ်မှုများ နှောင့်နှေးကြန့်ကြာမှုကြောင့် အချို့ သောအမှာစာများမှာ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းမှာယူမှုများကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တရုတ် နိုင်ငံမှထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းဖြစ်ပြီး ယခုနှစ်အတွင်း ပို့ကုန် တင်ပို့မှုမှာ အဓိကမဏ္ဍိုင်ဖြစ်နိုင်ကာ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ ယခုနှစ် ဒုတိယနှစ်ဝက် အထိဆက်လက် အားကောင်းနေမည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်ယွမ် ငွေကြေးသည်လည်း ထွန်းသစ်စ ငွေကြေးဈေးကွက်များအကြားတွင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်မှု မိတ်ဖက်များတွင် ယခုနှစ် ပထမလေးလအတွင်း ကုန် သွယ်မှု အများဆုံး မိတ်ဖက်‌ဒေသမှာ အာဆီယံ‌ဒေသဖြစ်ပြီး၊ ဥ‌ရောပ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံ တို့နှင့်လည်း ကုန်သွယ်မှုများပြားကြောင်း၊ အိန္ဒိယနိုင်ငံ၌ COVID-19 အကျပ်အတည်းမှာ အရှေ့ တောင် အာရှဒေသများအတွင်း ဆက်လက်ပျံ့နှံ့နိုင်ရာ ဒေသတွင်းစီးပွားရေး ပြန်လည်နလန် ထူရန်ခြောက်လှန့်မှုများ ဖြစ်‌ပေါ်စေနိုင်ကြောင်း၊ ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ ပို့ကုန် တင်ပို့မှုမှာ (၁၄၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ထွန်းသစ်စ ဈေးကွက်များမှာ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာ ကွယ်တိုက်ဖျက်ရန် ကျန်းမာ‌ရေးသုံး အကာအကွယ်ပစ္စည်းများနှင့် အခြားဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် တရုတ်နိုင်ငံအပေါ် မှီခိုလျက်ရှိကြောင်း၊ ယခုနှစ် ဧပြီလအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်မှာပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပြီးပို့ကုန်တင်ပို့မှုမှာ အတက် အကျမရှိဘဲ တစ်သတ်မတ်တည်း ဖြစ်ပေါ်နိုင်ကြောင်း၊ အဓိကရိုက်ခတ်မှုမှာ ကုန်ကြမ်းများ ပေးသွင်းနိုင်မှု အကန့်အသတ်များကြောင့်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍ၌ သိသာထင်ရှားစွာ တွေ့မြင်နိုင် ကြောင်း၊ သို့သော် ဝယ်လိုအားများမှာ ဆက်လက် မြင့်မားနေမည်ဖြစ်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်

Loading