ပြည်ပသတင်းများ

မော်တော်ယာဉ်ထုတ်လုပ်သူများ တန်ဖိုးကွင်းဆက်ကုန်ကြမ်း များပြတ်လပ်ရန် နီးကပ်လာခြင်း

Vehicle chips များ ပြတ်လပ်မှုကြောင့် တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူများနှင့် လျှပ်ကူးပစ္စည်းများ (Semiconductors) ပံ့ပိုးသူများ အနေဖြင့် ယခင်ကထက် အတူတကွ ပိုမို ပူးပေါင်း ဆောင်ရွက်လာကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Pan Che က “Carmakers get closer over lack of chip supply” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ ကြီးမှူး၍ Global Semiconductor Industry Expo ကို ချုံချင်း (Chongqing) ၌ (၃) ရက်ကြာကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် တန်ဖိုးကွင်းဆက် ထုတ်လုပ်မှုကုန်ကြမ်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကြောင့်အဆိုပါ Expo သို့တက် ရောက်လာသည့် ကိုယ်စားလှယ်များမှ တန်ဖိုးကွင်းဆက်ထုတ်ကုန်များ ပြတ်လပ်မှုနှင့် ပတ် သက်၍ တရုတ်နိုင်ငံ Semiconductors လုပ်ငန်းများမှ ကုန်ကြမ်းများပံ့ပိုးနိုင်မည့် အနေအထား များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ chips ပြားများပြတ်လပ်မှုကြောင့် ပြည် တွင်း၌ Semiconductors များ ပံ့ပိုးပေးနိုင်သည့်စွမ်းအားများ မလုံလောက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ‌မော်တော်ယာဉ်များ ဆက်လက်ထုတ်လုပ်ရန် chips ပြားများ လုံ‌လောက် စွာရှိစေရန် လက်ကျန်နှင့် ထုတ်လုပ်မှုများကို သေချာစွာ စာရင်းပြုစု ထားရမည်ဖြစ်ကြောင်း၊ chips ပြားများ ဖြင့်ထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲ ထားခြင်းမရှိသည့် နောက်ဆုံးပေါ် စမတ်ဖုန်းများနှင့် မော်တော်ယာဉ်များတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများအနေဖြင့် အမေရိကန်နိုင်ငံမှ ကန့် သတ်ပိတ်ပင်ထားခြင်းမခံရသော နည်းပညာများအသုံးပြု၍ ထုတ်လုပ်နိုင်ကြောင်း၊ တရုတ်နိုင်ငံပိုင် ချုံချင်း (Chongqing) အခြေစိုက် Changan Automobile သည် Ford Motor ၊ Mazada Motor Corporation နှင့် Suzuki တို့နှင့် Joint Venture လုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းများ ပံ့ပိုးရန် များပြားသောကြောင့် ကုန်ကြမ်းပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ထုတ် လုပ်မှုများသေချာစွာ ဆောင်ရွက်နိုင်ရန် တန်ဖိုးကွင်းဆက် လုံခြုံမှုအဆင့်မြင့်မားစွာ ဆောင်ရွက် ထားကြောင်း၊ကုန်ကြမ်း ပြတ်လပ်မှု ကိုင်တွယ်နိုင်ရန် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပေးသွင်း သူများကိုပေါင်း၍ “Vertical Procurement Platform” အဖြစ် ပေါင်းစည်းဆောင်ရွက်လျက် ရှိကြောင်း ‌ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်

Loading