ပြည်ပသတင်းများ

ကော်ဖီဆိုင်များမှတစ်ဆင့် ဝယ်ယူသူများနှင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လုပ်ကိုင် လာသည့် ဒစ်ဂျစ်တယ်လ်လုပ်ငန်းများ

ဟောင်ကောင်‌ဒေသရှိ ဒစ်ဂျစ်တယ်လ်ပညာရေးကုမ္ပဏီဖြစ် သည့် Preface Coding သည် အရွယ်ရောက်သူများနှင့် ကလေးသူငယ်များကို တစ်ဦးချင်းစီအား သိပ္ပံပညာအချက် အလက်များ ပို့ချပေးလျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး ပြင်ပ၌ သင်တန်းကျောင်းဖွင့်လှစ်ထားခြင်း မရှိကြောင်း၊ သို့ဖြစ်ရာ ၎င်းကုမ္ပဏီအနေဖြင့် သင်တန်းတက်ရောက်လိုသူများနှင့် တွေ့ဆုံချိတ် ဆက်နိုင်ရန် Preface Coffee ဆိုင်ဖွင့်လှစ်၍ သင်တန်းခန်းမ အနေဖြင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Nadia Lam က “Digital firms connect with customers over a coffee” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါ သည်။

အဆိုပါ သတင်း၌ Preface Coding သည် ကော်ဖီဆိုင်ဖွင့်လှစ်၍ customer များနှင့် ချိတ်ဆက်‌ဆောင်ရွက်လျက်ရှိသည့် ဟောင်ကောင်ရှိ ဒစ်ဂျစ်တယ်လ် ကုမ္ပဏီများထဲမှ တစ်ခုအပါ အဝင်ဖြစ်ကြောင်း၊ ကော်ဖီဆိုင် ဖွင့်လှစ်ခြင်းဖြင့် ရောင်းအားမြင့်တက်နိုင်ခြင်း မရှိသော်လည်း ကုမ္ပဏီအနေဖြင့် သုံးစွဲသူများအကြား ယုံကြည်မှု တိုးတက်စေနိုင်ကြောင်း၊ Preface Coding သည် ပထမဆုံး ကော်ဖီဆိုင်ကို၂၀၁၈ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက်ကော်ဖီဆိုင်ကို ယခုနှစ်၊ နွေရာသီတွင် ထပ်တိုးဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။          အာမခံကုမ္ပဏီဖြစ်သည့် Bowtie ကုမ္ပဏီသည်လည်း ဟောင်ကောင်၌ ယခုနှစ် မတ်လ အတွင်း ပထမဆုံး Bowtie’s Bow Coffee ဆိုင်ဖွင့်လှစ်ပြီး အာမခံလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အဆိုပါကုမ္ပဏီ၏ အွန်လိုင်းလိုင်စင်တွင် အေးဂျင့်များ၊ ဘဏ်များနှင့် ပွဲစားများ မှ တစ်ဆင့် လိုင်စင်ရောင်းချခြင်းများကို ကန့်သတ်တားမြစ်ထားကြောင်း၊ အွန်လိုင်းမှ လုပ်ကိုင် ခြင်းမှာ ထိတွေ့၍မရဘဲ သေချာရေရာမှုလည်းမရှိကြောင်း၊ သို့သော် ကော်ဖီဆိုင်ဖွင့်ထားခြင်းဖြင့် အာမခံထားလိုသူများအနေဖြင့် ၄င်းတို့ကို ကော်ဖီဆိုင်၌ လာရောက်ရှာဖွေတွေ့ရှိနိုင်ပြီး ယုံကြည် မှုပိုမို တိုးပွားနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

စိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Farmacy သည်လည်း ၄င်း၏ စီးပွားရေးမိတ်ဖက် Interval Coffee Bar နှင့်ချိတ်ဆက်ထားပြီး Farm-to-Table Café အစပျိုးလုပ်ကိုင်လျက်ရှိ ကြောင်း၊ စတုရန်းပေ (၄,၀၀၀) ကျယ်ဝန်းသည့် စတိုးဆိုင်များနှင့် ရေွ့လျားစိုက်ခင်း (၆) ခုကို ချိတ်ဆက်ထားပြီး အမျိုးအစားစုံလင်သော ဆေးဘက်ဝင်အပင်များ၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းပင်များပြသရောင်းချထားကြောင်း၊ ‌ကော်ဖီဆိုင်ရှိစိုက်ခင်းများမှာ အပလီကေးရှင်းမှ တစ်ဆင့် စိုက်ခင်းများ၌ လုပ်ကိုင်ဆောင်ရွက်မှုများအား မြင်တွေ့နေရမှုများကို သရုပ်ဖော်ပြထားခြင်းဖြစ် ကြောင်း၊ စားသောက်ဆိုင်များ၌ အချိန်ကန့်သတ်မှုများရှိသော်လည်း ကော်ဖီဆိုင်တွင် ကော်ဖီ တစ်ခွက်ဝယ်ယူပြီး နာရီပေါင်းများစွာ အချိန်ယူ၍ နေနိုင်သောကြောင့် ရောင်းချလိုသည့် ကုန် ပစ္စည်းများနှင့် ကြာရှည်ထိတွေ့လေ့လာကြည့်ရှုနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်

Loading