ပြည်ပသတင်းများ

နှမ်းအား Major Food Allergen စာရင်းတွင် ထည့်သွင်းရေး ဥပဒေမူကြမ်းအား လွှတ်တော်နှစ်ရပ်လုံးမှ အတည်ပြု

အမေရိကန်နိုင်ငံတွင် နှမ်း (seasame) ကို ဓာတ်မထည့်သော စားသောက်ကုန် တစ်မျိုး (a major food allergen) အဖြစ် သတ်မှတ်နိုင်ရန် “ Food Allergen Sfety Treatmet Education and Research Act-FaSTER Act” အမည်ဖြင့် ဥပဒေမူကြမ်း (S.578) ကို ၁၄-၄-၂၀၂၁ ရက်နေ့တွင် အောက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း၊ အဆိုပါဥပဒေမူကြမ်းကို အထက် လွှတ်တော်က ၂၀၂၁ ခုနှစ်၊ မတ်လတွင် အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် သမ္မတဘိုင်ဒင်လက် မှတ်ရေးထိုးပြီးပါက ဥပဒေတစ်ရပ်အဖြစ် အသက်ဝင်လာမည်ဖြစ်ကြောင်း FDA စည်းကမ်းချက် နှင့် အညီဆောင်ရွက်နိုင်ရေး ဝန်ဆောင်မှုများ ပေးနေသည့် EAS Consulting Group က ၁၉-၄-၂၀၂၁ ရက်နေ့တွင် ဤသံရုံးသို့ အသိပေးအကြောင်းကြားလာပါသည်။

အဆိုပါဥပဒေ အသက်ဝင်ပါက နှမ်းကို အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ဥပဒေ (Food, Drug and Cosmetic Act- FD&C Act) အရ  Major Allergens စာရင်းတွင် ထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ ယခင်ကနှမ်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သတ်မှတ်ထားသည့် အတွက် ပါဝင်ပစ္စည်းများ ကြေညာလွှာရန် မလိုအပ်သော်လည်း FASTER Act လက်မှတ်ရေးထိုးပြီးပါက ၁ – ၁ – ၂၀၂၃ ရက်နေ့မှစ၍ Major Food Allergen စာရင်းတွင်ပါဝင်သည့် နှမ်းပါဝင်သည့် မည်သည့်အစားအသောက်ကိုမဆို ၄င်း၏ပါဝင်ပစ္စည်းများကို ကြေညာသွားရန်လိုအပ်ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံတွင်  Food Allergen Labelling and Consumer Protection Act of 2004 အရ သတ်မှတ်ထားသော Major Food Allergen (၈) မျိုးမှာ နို့ (Milk)၊ ဉများ (Eggs)၊ ငါး (Fish)၊ အခွံမာရှိသည့် ရေသတ္တဝါ  (Shellfish)၊ အခွံမာအသီးများ (Tree Nuts)၊ မြေပဲ (Peanuts)၊ ဂျုံ (Wheat)၊ ပဲပုတ်စေ့ (Soybeans) တို့ဖြစ်ပြီး ယခုအခါ နှမ်းအား Major Food Allergen စာရင်းတွင် ထပ်မံထည့်သွင်းရန် ဉပဒေမူကြမ်းအား လွှတ်တော်နှစ်ရပ်မှ အတည်ပြုပြီး ဖြစ်ကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

ခင်မြမြထွေး၊ စီးပွားရေးသံမှူး

ဝါရှင်တန်မြို့

Loading