ပြည်ပသတင်းများ

ဂျပန်နိုင်ငံ၊ Ministry of Health, Labor and Welfare (MHLW) က သစ်ကြားသီး (Walnut) တင်သွင်းမှုအပေါ် စစ်ဆေးခြင်းကို ဖြေလျှော့ပေး

ဂျပန်နိုင်ငံ ၊ Ministry of Health, Labor and Welfare (MHLW) ၊ Head of the Office of Import Food Safety Food Inspection and Safety Division မှ သစ်ကြားသီး တင်သွင်းမှု အပေါ် Aflatoxin ပါဝင်မှုစစ်ဆေးခြင်းကို ဖြေလျှော့ပေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာချက် ထုတ်ပြန်ထားသည့်ကိစ္စကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့ အစည်းများထံပေးပို့ အကြောင်းကြားပေးပါရန် မြန်မာသံရုံး (တိုကျိုမြို့) ရှိ စီးပွားရေးရာဌာနသို့ ဂျပန်ဘာသာ ဖြင့် ရေးသားထားသည့် အီးမေးလ်ဖြင့် ပေးပို့အကြောင်းကြားလာပါသည်။

MHLW အနေဖြင့် ဂျပန်နိုင်ငံ၏ စားသောက်ကုန်များတင်သွင်းမှု စစ်ဆေးခြင်းလုပ်ငန်း စဉ်များကို နှစ်စဉ်ပြန်လည်သုံးသပ်လျက်ရှိသည်နှင့်အညီ ယခု ၂၀၂၁ ခုနှစ်အတွက်လည်း အစား အစာသန့်ရှင်းရေးအက်ဥပဒေ၏ အပိုဒ် ၂၆၊ အပိုဒ်ခွဲ ၃ ပါ Aflatoxin ပါဝင်မှု စစ်ဆေးခြင်း အမိန့် အရ ဂျပန်နိုင်ငံအတွင်းသို့ တင်သွင်းသည့် သစ်ကြားသီးများ  (Walnuts) အပေါ် Aflatoxin ပါဝင်မှုစစ်ဆေးခြင်းအမိန့်ကို ဖယ်ရှားပြီးဖြစ်ကြောင်း၊ သို့သော် တင်သွင်းလာသည့် Walnuts များကိုအခြားသော  စားသောက်ကုန်အပိုင်း စစ်ဆေးခြင်းလုပ်ငန်းစဉ်များဖြင့် ဆက်လက်စစ် ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသောက်ကုန်များ ထုတ်လုပ်မှုအဆင့်တွင် ဘေးကင်း လုံခြုံသည့်စားသောက်ကုန်သန့်ရှင်းရေး စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်းအားဖြင့် ဂျပန်နိုင်ငံမှ တင်သွင်းခွင့်မပြုသော စားသောက်ကုန်များ မဖြစ်ရစေရန် မြန်မာနိုင်ငံ၏ ကျန်းမာရေးဌာန တာဝန်ခံ (သို့မဟုတ်) သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သတင်းပေးပို့ အကြောင်းကြားပေးစေ လိုပါကြောင်း အဆိုပြုထားပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

တိုကျိုမြို့

Loading