ပြည်ပသတင်းများ

လတ်တလော ဈေးကွက်အခြေအနေသည် ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးမျှော်မှန်းချက်များအပေါ် ဆိုးကျိုးသက်ရောက် လျက်ရှိပြီး အခြေခံဘဏ်အတိုးနှုန်း ၅.၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်

လတ်တလောဖြစ်ပေါ်နေသော ငွေကြေးဈေးကွက် အခြေ အနေသည် ဘရာဇီးလ်နိုင်ငံ၏ အဓိကစီးပွားရေးညွှန်းကိန်းများနှင့်ပတ်သက်၍ ခန့်မှန်းထားသည့် ခန့်မှန်းချက်များအပေါ် ဆိုးကျိုး များ သက်ရောက်လျက်ရှိကြောင်း ယခုအပတ်တွင် ထုတ်ဝေသည့် ငွေကြေးဈေးကွက်သတင်းလွှာ တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၈၅ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပြီး အခြေခံဘဏ်အတိုးနှုန်း (Selic) အား ၅.၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ကြောင်း ငွေကြေးဈေးကွက်အတွင်းရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ စားသုံးသူဆနှုန်းကိန်း (IPCA) သည် ၄.၈၁ ရာခိုင်နှုန်း မှ ၄.၈၅ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်များအား ဧပြီလ ၁၂ ရက်နေ့တွင် ဗဟိုဘဏ်ကထုတ်ဝေသည့် ငွေကြေးဈေးကွက်သတင်းလွှာတွင် ဖော်ပြခဲ့ သည်။ ဘရာဇီးလ်အစိုးရက ထုတ်ပြန်ခဲ့သည့် ငွေကြေးဖောင်းပွမှုအပေါ်တွင် ဖိအားဖြစ်ပေါ်လျက် ရှိသည့် လောင်စာဆီဈေးနှုန်းမြင့်မားမှုသည် ကုန်ဈေးနှုန်းများအပေါ်သို့ သက်ရောက်ခဲ့သဖြင့် ယခင်လ၏ စားသုံးသူဆနှုန်းကိန်း ၄.၆ ရာခိုင်နှုန်းအား ပိုမိုမြင့်တက်စေခဲ့ရှိသည်။

ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းသည် ဘရာဇီးလ်ဟဲရာ ၅.၃၅ မှ ၅.၃၇ အထိ မြင့်တက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက ကြိုတင်ခန့်မှန်းခဲ့ကြသည်။ နိုင်ငံခြားငွေလဲနှုန်း သည် ယခုအပတ်တွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ဘရာဇီးလ်ဟဲရာ ၅.၆၃ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။

ငွေကြေးဖောင်းပွမှုများနှင့် အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်မှုများကြောင့် စီးပွားရေးပညာရှင်များအနေဖြင့် အခြေခံဘဏ်အတိုးနှုန်းအပေါ် ၎င်းတို့၏ကြိုတင်ခန့်မှန်းချက် များအား  ပြန်လည်လေ့လာသုံးသပ်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် အခြေခံဘဏ်တိုးနှုန်းသည် ၅.၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ကြောင်း သတင်းလွှာတွင် ဖော်ပြခဲ့သည်။

ငွေကြေးဖောင်းပွမှုမြင့်တက်လျက်ရှိနေသဖြင့် အခြေခံဘဏ်အတိုးနှုန်းအား တိုးမြှင့် သတ်မှတ်ပေးရန် လိုအပ်လျက်ရှိသော်လည်း ငွေကြေးမူဝါဒကော်မတီ (Copom) သည် ၂၀၂၁ ခုနှစ်အတွင်း အခြေခံဘဏ်အတိုးနှုန်းအား စံသတ်မှတ်ချက်အဖြစ် တစ်စိတ်တစ်ပိုင်းလုပ်ဆောင် နိုင်ရန်မျှော်မှန်းလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါထိခိုက်မှုများအတွက် စီးပွားရေး လှုံ့ဆော်မှုကဲ့သို့သောစီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်လျက်ရှိနေကြောင်း သတင်းလွှာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) တိုးတက်မှုနှုန်းမျှော်မှန်းချက်သည် လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေများကြောင့် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ယခုသတင်းပတ်တွင် ထုတ်ဝေသည့် ဈေးကွက် သတင်းလွှာတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် GDP တိုးတက်မှုနှုန်းသည် ၃.၄၁ ရာခိုင်နှုန်းရှိခဲ့သော်လည်း ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုများသည် ရက်သတ္တပတ် ၆ ပတ်ဆက်တိုက်ကျဆင်းခဲ့သဖြင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် ၃.၁၇ ရာခိုင်နှုန်းမှ ၃.၀၈ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း သတင်းလွှာ တွင် ဖော်ပြခဲ့သည်။

ဈေးကွက်အခြေအနေကြောင့် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ၂.၃၃ ရာခိုင်နှုန်း ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၂၂ ခုနှစ်တွင် အခြေခံဘဏ်တိုးနှုန်းအား ၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ရနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းလျက်ရှိသည်။ ယခင်လကဖြစ်ပေါ်ခဲ့သည့် ငွေကြေး ဖောင်းပွမှုနှုန်း ၃.၅ ရာခိုင်နှုန်းကြောင့် ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃.၅၂ ရာခိုင်နှုန်းမှ ၃.၅၃ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်းစီးပွားရေးပညာရှင်များက ခန့်မှန်းထား ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်

စီးပွားရေးသံမှူး

သတင်းရင်းမြစ် -correiobraziliense.com.br

Loading